ကုလကိုယ်စားလှယ် ကချင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံ

  • 9 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption တိုက်ပွဲတွေကြောင့် ဒုက္ခ ရောက်နေကြရသူတွေ အရေးကို အဓိက တင်ပြသွားမှာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံကို ရောက်ရှိ လာတဲ့ ကုလသမဂ္ဂ လူ့ အခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီး ဟာ မြစ်ကြီးနားမှာ စစ်ဘေးရှောင် စခန်းက လူတွေနဲ့ တွေ့ခဲ့ ပါတယ်။

တွေ့ဆုံ ပွဲမှာ ကချင် ပြည်နယ်နဲ့ ရှမ်းပြည် မြောက်ပိုင်းမှာ ဖြစ်ပွား နေတဲ့ တိုက်ပွဲတွေ ကြောင့် ဒုက္ခ ရောက်နေ ကြရ သူတွေ အရေး ကို အဓိက တင်ပြ သွားမှာ ဖြစ်တယ်လို့ ကချင် ဒေသ ဒုက္ခသည် အကူ အညီ ပေးရေး ပူးပေါင်း လုပ်ငန်းစဉ် အဖွဲ့က အတွင်း ရေးမှူး ဦးဂွမ်ရှာအောင်က ပြောပါတယ်။

အရင် ရှိနှင့် ပြီးသား နေရပ် စွန့်ခွာ ထွက်ပြေး နေရ သူတွေဟာ အခု ဆိုရင် လက်နက်ကြီး ကျည်ဒဏ်ကို ကြောက်လို့ တခြား နေရာ တွေကို ထွက်ပြေး တိမ်းရှောင် နေရ သလို အခု နောက်ပိုင်း တိုက်ပွဲ တွေကြောင့် ထပ်မံ ထွက်ပြေး နေကြ ရတဲ့ ဒုက္ခသည် တွေလည်း ရှိနေ တယ်လို့ ဦးဂွမ်ရှာအောင်က ဆိုပါတယ်။

အခု တွေ့ဆုံ ပွဲဟာ ကုလ ကိုယ်စားလှယ်နဲ့ ဒုက္ခသည် တွေ သီးခြား လွတ်လွတ် လပ်လပ် တွေ့ဆုံ တာ ဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

မစ္စယန်ဟီးလီး အနေနဲ့ ဒုက္ခသည်တွေ အတွက် လိုအပ် တာတွေ ကူညီ ဆောင်ရွက် တာ အပြင်၊ တိုက်ပွဲ ဖြစ်နေတဲ့ အစိုးရ တပ်မတော် ဘက်ရော တိုင်းရင်းသား လက်နက်ကိုင် တွေ ကိုပါ တွေ့ဆုံပြီး လိုအပ်တဲ့ တိုက်တွန်း ပြောကြား တာတွေ လုပ်ပေး ဖို့ကို လည်း မျှော်လင့် ထားတယ်လို့ လည်း ဒုက္ခသည်တွေ ဘက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ