ကချင် ပြည်နယ် တနိုင်းမှာ ဆန်နဲ့ ဆီ ပြတ်တောက်မှု ဖြစ်ပေါ်

  • 12 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် Jafason
Image caption န် ရိက္ခာ ပြတ်လပ်မှုတွေ ကြုံတွေ့ နေရပြီး အရပ်သား တွေ အခက်အခဲ ကြုံတွေ့

ကချင် ပြည်နယ် တနိုင်း မြို့မှာ ဆန်နဲ့ ဆီ ပြတ်တောက်နေပြီး အဲဒီ ဒေသမှာ နေထိုင် သူတွေဟာ မှောင်ခို ဈေးကွက် ကနေ ဈေးနှုန်း ကြီးစွာ နဲ့ ဝယ်ယူ စားသောက် နေရ တယ်လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးနောင်နဂျာတန် က ဘီဘီစီ ကို ပြောပါတယ်။

ဆန်နဲ့ ဆီ တင်ပို့ ရောင်းချ ခွင့် ကို အစိုးရ တပ်မတော်က ပိတ်ထား တာ ဖြစ် ပြီး ပိတ်ရတဲ့ အကြောင်းရင်း ကို လွှတ်တော်ပိုင်း ကနေ စာရေး မေးမြန်းပြီး ဖြစ်ပေမယ့် ဘာကြောင့် ပိတ်ဆို့ ထားရ တယ်ဆိုတဲ့ အဖြေ ကို အခုချိန်ထိ မသိရသေးဘူးလို့ သူက ပြောပါတယ်။

အချို့ ဒေသ တွေမှာ ဆန် ရိက္ခာ ပြတ်လပ်မှုတွေ ကြုံတွေ့ နေရပြီး အရပ်သား တွေဟာ ဒုက္ခ ရောက်နေကြတဲ့ အတွက် အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ ကိုလည်း သူက တောင်းဆို ခဲ့ပါတယ်။

လွှတ်တော် ဘက် ကနေ တပ်မတော် ဘက် ကို ဆက်သွယ် မေးမြန်း ခဲ့ပေမယ့် ရက်သတ္တ တစ်ပတ်ကျော် ကြာမြင့်တဲ့ အထိ အကြောင်း ပြန်ကြားခြင်း မရှိ သေးပါဘူး။

ဆီနဲ့ ဆန်က တနိုင်းဒေသမှာ မှောင်ခို သဘောနဲ့ ရောက်ရှိနေပေမယ့် ဝယ်ယူ စားသောက်ဖို့ အဆင်မပြေမှုတွေလည်း ရှိနေပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်း တွေ ကြောင့် တင်ပို့ခွင့် ပိတ်ထား တာ ဖြစ်နိုင်ပြီး မဆိုင်တဲ့ အရပ်သား တွေကို ပါ ထိ ခိုက်မှုတွေ ရှိနေတယ်လို့ ဦးနောင်နဂျာတန် က ပြောပါတယ်။

လတ်တလော အချိန်မှာ ဆန် တစ်ပြည် ကို နှစ်ထောင့် သုံးရာ ဈေနှုန်း၊ ဓါတ်ဆီက တစ်ဂါလံ ကျပ် ကိုးထောင် ဈေး အထိ ရှိနေပါတယ်။ ပြည်နယ် ဝန်ကြီးချုပ် ကိုလည်း ဆက်သွယ် မေးမြန်း ထားပေမယ့် ဘာအကြောင်း ပြန်ကြားမှု မှ မရှိသေးဘူး လို့လည်း သူ က ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ