NCA လက်မှတ်ထိုး ခေါင်းဆောင်တွေ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့မယ်

  • 15 ဇန်နဝါရီ 2017
Image caption ငြိမ်းချမ်းရေးကို ဖြစ်နိုင်တဲ့ နေရာတွေ မှာ စတင် တည်ဆောက် သွားဖို့ လို။

တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ထဲ ပါဝင် လက်မှတ် ရေးထိုး ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့က ခေါင်းဆောင် တွေဟာ နေပြည်တော်ကို သွားပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဖို့ ရှိနေ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဘက်က တွေ့ဆုံ နိုင်တဲ့ ရက်ကို အတိအကျ မသိ ရသေးပေမယ့် ၊ ဒီလ မကုန်ခင် တွေ့ဆုံ ဖြစ်ဖို့ မျှော်လင့် ထားတယ် ဆိုပြီး ကရင် အမျိုးသား အစည်းအရုံး KNU ရဲ့ အထွေထွေ အတွင်းရေးမှုး ပဒို ကွယ်ထူးဝင်းက ပြောပါတယ်။

NCA ကို အကောင်အထည် ဖော် နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် နဲ့ ပတ်သက်ပြီး ဖြည့်စွက် အကြံပြု တာတွေ ပြုလုပ် နိုင်ဖို့ နဲ့ လတ်တလော ဖြစ်ပေါ် နေတဲ့ အခြေအနေ တွေ အပေါ် မှာလည်း ဆွေးနွေး နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ လိုတာ ဖြစ်တယ် လို့ ဆိုပါတယ်။

မြန်မာပြည် မြောက်ပိုင်းနဲ့ အရှေ့မြောက် ဒေသတွေမှာ အစိုးရ စစ်တပ်နဲ့ တိုင်းရင်း လက်နက်ကိုင် အဖွဲ့ တချို့ကြား တိုက်ပွဲ တွေ ပေါ်ပေါက် လာခဲ့ ပေမယ့်လည်း၊ ငြိမ်းချမ်းရေးကို ရသမျှ အတိုင်းအတာ အနေနဲ့ ဖြစ်နိုင်တဲ့ နေရာတွေ မှာ စတင် တည်ဆောက် သွားဖို့ လိုတယ်လို့ ပဒို ကွယ်ထူးဝင်းက ပြောပါတယ်။

နေပြည်တော်ကို NCA လက်မှတ်ထိုး အဖွဲ့ ခေါင်းဆောင်တွေ သွားတဲ့ အခါစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နဲ့လည်း တွေဆုံ လိုတယ်လို့ တောင်းဆို ထားပေမယ့်၊ စစ်တပ် ဘက်က တုံ့ပြန် တာမျိုး မပြုလုပ် သေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ