ဗိုလ်မှူးချုပ် ၁ ဗိုလ်မှူးကြီး ၇ အငြိမ်းစားယူ

  • 18 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် CHRISTOPHE ARCHAMBAULT
Image caption မြန်မာ့တပ်မတော် စစ်သားများရဲ့ စစ်ရေးပြ အခမ်းအနား

မြန်မာ့တပ်မတော်က ဗိုလ်မှူးချုပ် ၁ ယောက်နဲ့ ဗိုလ်မှူးကြီး ၇ ယောက် အပါအဝင် အလတ်တန်း နဲ့ အငယ်တန်း အရာရှိ တချို့ အငြိမ်းစားယူခဲ့ကြပါတယ်။

လုပ်သက် ၈ နှစ်ပြည့်ပြီးတဲ့နောက် ရာထူးမတိုးတဲ့သူတွေ တပ်ကနေ အငြိမ်းစားယူရမယ် ဆိုတဲ့ မူအရ နှုတ်ထွက်ခဲ့ကြရတာ ဖြစ်ပါတယ်။

အငြိမ်းစားယူသူတချို့က မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့လို စစ်တပ်ကလုပ်ထားတဲ့ စီးပွားရေး လုပ်ငန်းတွေထဲကို ရွှေ့ပြောင်း အလုပ်လုပ်ဖို့ လျှောက်ထားသူတွေ ရှိသလို တချို့ကလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ ပါဝင်ဖို့ လျှောက်ထားကြတယ်လို့ တပ်မတော် အရာရှိဟောင်း တယောက် လည်းဖြစ် ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် လွှတ်တော်အမတ်ဟောင်း တယောက်လည်း ဖြစ်တဲ့ ဦးလှဆွေက ပြောပါတယ်။

တပ်မတော်က စစ်ပွဲတွေကို တဖက်မှာ ကျယ်ကျယ်ပြန့်ပြန် ဆင်နွှဲနေချိန်မှာ အရာရှိ တချို့ကို အငြိမ်းစားပေးခဲ့တာ ဖြစ်ပါတယ်။

အဲသလို အငြိမ်းစားပေးလို့ အင်အားလျော့နည်းသွားမှာ မဟုတ်ဘဲ နောက်လူတွေ အတွက် တက်လမ်းတောင် ပွင့်ဦးမှာ ဖြစ်တယ်လို့ ဦးလှဆွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ