ဖားကန့်မှာ ကျောင်းဆရာ တစ်ဉီး ပစ်သတ် ခံရ

  • 18 ဇန်နဝါရီ 2017
Image caption အမည်မသိ လက်နက်ကိုင် တစ်စု က ခေါ်ဆောင် သွားခဲ့ပြီးမှ သတ်ဖြတ် ခံရတာ ဖြစ်

ဇန်နဝါရီလ ၁၈ ရက်နေ့ မနက်အစောပိုင်း က ဖားကန့်မြို့နယ် နမ့်မဖြစ် ကျေးရွာ အလယ်တန်း ကျောင်းက ကျောင်းဆရာ ကိုအောင်ဇင်ထွန်းဟာ သေနတ်နဲ့ ပစ်သတ် ခံလိုက်ရ ပါတယ်။

၆၉ နှစ်မြောက် ကချင်ပြည်နယ် နေ့ ကို သွားရောက်တဲ့ ကျောင်းသား တွေကို အပြစ်ပေး ဆုံးမ ခဲ့တဲ့ အတွက် အမည်မသိ လက်နက်ကိုင် တစ်စု က ခေါ်ဆောင် သွားခဲ့ပြီးမှ သတ်ဖြတ် ခံရတာ ဖြစ်ကြောင်း ကချင် လူမှု အဖွဲ့အစည်း အတွင်း ရေးမှူး ဦးနော်လွန် က ပြောပါတယ်။

ကျောင်းဆရာ ကိုအောင်ဇင်ထွန်း ဟာ ကလေး တွေကို မဆုံးမခင် ကချင် ပြည်နယ် လွတ်လပ်ရေး ရမှာ မဟုတ်ဘူး ဆိုတဲ့ စကားကို ပြောဆို ခဲ့တဲ့ အတွက် မကျေပ်နပ် တဲ့ အဖွဲ့ က လုပ်ကြံတာမျိုး ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

ကျောင်းသား တွေကို ပြောဆို ခဲ့တဲ့ စကားနဲ့ ပတ်သက်ပြီး ကချင် အမျိုးသား လူအခွင့် အရေး အဖွဲ့က ကျောင်းအုပ် ဆရာကြီး ကို တိုင်ကြား ခဲ့ပြီး ကျောင်းဆရာ က လည်း ပြန်လည် တောင်းပန် ခဲ့ တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့် ဒေသမှာ လက်နက်ကိုင် ဆောင်တဲ့ လူတွေ အများအပြား ရှိနေတဲ့ အတွက် ဘယ်အဖွဲ့အစည်းက လုပ်ကြံသလဲ ဆိုတာ မသိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီလ ၁၇ ရက်နေ့တုန်း ကလည်း လုံးခင်း ကျေးရွာ အုပ်စု ဆန်ခါ ကျေးရွာ မှာ နေထိုင်တဲ့ ကိုတိုး ဆိုသူ နေအိမ်ထဲမှာ ရှိနေစဉ် အမည်မသိ လက်နက်ကိုင် တွေက ပစ်သတ် ခဲ့ပါတယ်။

ဖားကန့် ဒေသမှာ ဖြစ်ပေါ်ခဲ့တဲ့ လုပ်ကြံ ပစ်ခတ်မှုတွေဟာ လက်သည် တရားခံ မပေါ် တဲ့ အတွက် တရားဥပဒေ စိုးမိုးရေး မရှိဘူးလို့ ဆိုရမှာ ဖြစ်ကြောင်း ဒေသခံ တွေက ပြောကြားနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ