ရင်းနှီးမြှုပ်နှံမှု အခက် အခဲတွေ ဂျပန် တင်ပြ

  • 27 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ဂျပန်လုပ်ငန်းရှင်တွေ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ခဲ့

ဂျပန်နိုင်ငံ ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးဆောင်တဲ့ ဂျပန်လုပ်ငန်းရှင် တချို့က မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ရာမှာ တွေ့ကြုံနေရတဲ့ အခက်အခဲ တွေကို ဒေါ်အောင်ဆန်း စုကြည်နဲ့ နိုင်ငံ တော် သမ္မတထံ တင်ပြခဲ့ကြ ပါတယ်။

ဂျပန်လုပ်ငန်းရှင်တွေ တွေ့ကြုံ နေရတဲ့ အခက်အခဲက ၁၀ ချက်ရှိတယ်လို့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ နေတဲ့ ဂျပန် ကုမ္ပဏီ ၃၅ ခုကို တွေ့ဆုံမေးမြန်း ထားတဲ့ စစ်တမ်းအရ တွေ့ရှိရ ပါတယ်။

အဲဒီ အခက်အခဲ ပြဿနာ တွေက လျှပ်စစ်ဓါတ်အား၊ လမ်းပန်း ဆက်သွယ်ရေး အပါအဝင် အခြေခံ အဆောက်အဦ မပြည့်စုံမှု၊ အကောက်ခွန်နဲ့ အခွန် အမျိုးမျိုး စည်းကြပ် ကောက်ခံမှု၊ ဥပဒေ သတ်မှတ်ချက်တွေ မပြည့်စုံမှု၊ အစိုးရ ရဲ့ လုပ်ဆောင်ချက်တွေ ပွင်လင်း မြင်သာ မရှိမှု၊ တရားဥပဒေ စိုးမိုးမှုနဲ့ တည်ငြိမ်မှု အားနည်းတာတွေ ပါဝင်တယ်လို့ ဂျပန် ကုန်သည်စစ်မှု အသင်းချုပ် ဥက္ကဌ အာခီယို မီမူရာ ( Akio Mimura ) ကပြောပါတယ်။

ပွင့်လင်းမြင်သားမူ မရှိတာနဲ့ အခွန်ကိစ္စတွေနဲ့ ပတ်သက်လို့ ပြောရာမှာ မစ္စတာ အာခီယို မီမူရာက ဘယ်လုပ်ငန်းမဆို ဥပဒေ တစ်ခုထဲအောက်မှာ အားလုံး ညီတူ ဘီမျှ ဖြစ်သင့်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခွန်ကောက်တဲ့ ကိစ္စမှာ ကောက်ခံတဲ့ တာဝန်ခံတွေ အပေါ် မူတည်ပြီး အခွန်နှုန်းထား အမျိုးမျိုး ဖြစ်နေတဲ့ အပြင် အခွန် ကောက်တဲ့ အရာရှိ တွေက ကြိုက်သလို ကောက်နေတယ်လို့ တရုတ် မြန်မာနယ်စပ်က အခြေ အနေကို ဥပမာ ပေးပြီး ထောက်ပြပါတယ်။

သူတို့ တင်ပြတဲ့ အချက်တွေကို ဒေါ်အောင်ဆန်း စုကြည်က တစ်ချက်ခြင်း တစ်ချက်ချင်း လေးလေးစားစား ပြန်လည် ဖြေပေးခဲ့ပြီး ဒါတွေကို ဖြေရှင်းသွား မယ်လို့ လည်း ပြန်ဖြေ ခဲ့ကြောင်း မစ္စတာ အာခီယို မီမူရာက ပြောပါတယ်။

ဂျပန်နိုင်ငံ အနေနဲ့ မြန်မာ နိုင်ငံကို အကူအညီတွေ အများကြီး ပေးနေတာ ဖြစ်ပြီး ဂျပန် လုပ်ငန်းရှင် တွေက မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်တစား လာကြည့် နေကြတာ ဖြစ်ပါတယ်။

လောလောဆယ် မြန်မာနိုင်ငံမှာ ဂျပန်ကုမ္ပဏီပေါင်း ၃၀၀ ကျော်လာ ရောက်ရင်းနှီးမြှုပ်နှံ နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ