KNU ဌာနချုပ်မှာ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပ

  • 28 ဇန်နဝါရီ 2017
Image caption ကရင် အဖွဲ့တွေ အားလုံး စုပေါင်းပြီး မှ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်း သွားမယ်လို့ ဒီကေဘီအေ ကိုယ်စားလှယ် ဗိုလ်ချုပ် စောမူးခိုက ပြော

ဘားအံ မှာ လုပ်တဲ့ ကရင် အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲရဲ့ အဆက် ကရင်အမျိုးသား နိုင်ငံရေး ဆွေးနွေးပွဲ ကို ကေအင်ယူရဲ့လော်ခီးလာဌာနချုပ်မှာ ဇန္နဝါရီလ ၂၈ ရက်နေ့ကနေ၃၀ ရက်နေ့ အထိကျင်းပနေပါ တယ်။

လော်ခီးလာမှာ ဆက်ပြီး ဆွေးနွေး ကြတာက ဘားအံဆွေးနွေးပွဲက ထွက်ပေါ် လာတဲ့စာတမ်း ၄ ခုထဲက၊ ၂၁ ရာစု ပင်လုံညီလာခံ ကိုသွားတဲ့ အခါကျရင် ကရင် တမျိုးသားလုံး က နိုင်ငံရေး အရ သွားမယ့် လမ်းကြောင်းနဲ့လုံခြုံရေးကိစ္စတွေကို အဓိက ဆွေးနွေးကျတာပါ။

KNU၊ DKBA၊ KNU KNLA -PC ၊ BGF စတဲ့ ကရင် လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့အပြင်၊ ကရင် နိုင်ငံရေး ပါတီ ဖလုံစဝေါ၊ KSDDP၊ KNP၊ KUPC၊ KCSD နဲ့ ကရင်လူငယ်အဖွဲ့၊ အမျိုးသမီး အဖွဲ့တွေ နဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပြည်နယ်၊ တနင်္သာ ရီ၊ ပဲခူး၊ ရန်ကုန် နဲ့ ဧရာဝတီ တိုင်းက ကိုယ်စားလှယ်တွေ၊ တတ်သိပညာရှင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ နယ်စပ် အခြေစိုက် အဖွဲ့စည်းတွေ တက်ရောက်ကြပါတယ်။

ကရင် အဖွဲ့တွေ အားလုံး စုပေါင်းပြီး မှ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်း သွားမယ်လို့ ဒီကေဘီအေ ကိုယ်စားလှယ် ဗိုလ်ချုပ် စောမူးခိုက ပြောပါတယ်။

ဖက်ဒရယ် တပ်မတော် အပြင် ပြည်နယ် အလိုက် တပ်တွေ လည်း ရှိရမှာ ဖြစ်ပြီး နယ်ခြားစောင့် တပ် အသွင်မျိုး မဟုတ်ဘူးလို့ KNU နိုင်ငံခြားရေး တာ၀န်ခံ ပဒို စောအောင်၀င်းရွှေ က ဖက်ဒရယ် နိုင်ငံ တည်ဆောက်ရာမှာ လုံခြုံရေးနဲ့ ပတ်သက်တဲ့သူတို့ သဘောထားကို ပြောပါတယ်။

ကရင်ပြည်နယ်မှာ အပစ်ရပ် ငြိမ်းချမ်း နေတဲ့အဆင့်ကနေ နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့် ကနေပြီး ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေး အထိ ပါဝင် သွားမယ်လို့ ဆွေးနွေး ပွဲတက် ရောက်နေကြတဲ့ အဖွဲ့အစည်း အတော်များများ က ပြောနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ