မြောက်ဦးကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် သတ်မှတ်နိုင်ရေး လေ့လာနေ

  • 31 ဇန်နဝါရီ 2017
Image caption မြောက်ဦး မင်းဆက် ၃ဝဝ ကျော် တည်တံ့ ခဲ့

ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့ ဖြစ်တဲ့ မြောက်ဦးကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် နယ်မြေ အဖြစ် စာရင်းသွင်း နိုင်ဖို့ ကုလသမဂ္ဂရဲ့ ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့ ဖြစ်တဲ့ ယူနက်စ်ကိုက တာဝန် ရှိသူတွေ လာရောက် ကြည့်ရှု လေ့လာ နေပါတယ်။

သူတို့ဟာ အာနန္ဒစန္ဒြ ကျောက်စာနဲ့ ရှစ်သောင်း ဘုရားတို့ကို သွားရောက် ခဲ့ကြပြီး၊ ဟာရီတောင်ပေါ် ကနေလည်း ရှေးမြို့ တည်နေရာ အခင်းအကျင်းကို ရှင်းပြ ခဲ့ရတယ်လို့ ရှေးဟောင်း သုတေသန ဌာန အရာရှိ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မြောက်ဦးကို အေဒီ ၁၄၃၀ မှာ ရခိုင်ဘုရင် မင်းစောမွန်က တည်ထောင် ခဲ့တာ ဖြစ်ပြီး၊ ၁၇၈၄ ခုနှစ် ဘိုးတော်ဘုရား ဦးဝိုင်း မသိမ်းပိုက်ခင် အထိ နှစ် ၃ဝဝ ကျော် တည်တံ့ ခဲ့ပါတယ်။

လက်ရှိ မြောက်ဦးမြို့ ရှေးဟောင်း ယဉ်ကျေးမှု ဇုံနယ်မြေထဲ ဟိုတယ်တွေ၊ အစိုးရ အဆောက်အဦနဲ့ လူနေအိမ် တွေ ဆောက်ထားလို့ ယူနက်စ်ကို စာရင်းဝင်ဖို့ အခက်အခဲ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ