ဦးဝီရသူ ရဲ့ တရားပွဲ ပိတ်ပင်ခံရ

  • 2 ဖေဖော်ဝါရီ 2017
Image caption NLD အစိုးရ လက်ထက်မှာ ပထမဆုံး ပိတ်ပင် ခဲ့တာလည်း ဖြစ်

ဖေဖေါ်ဝါရီ ၁ရက်နေ့ကျရင် ပုသိမ်မြို့ ကမ်းနားလမ်း ရှုခင်းသာ ရင်ပြင်မှာ ကျင်းပ ဖို့ စီစဉ် ထားတဲ့ မန္တလေး မစိုးရိမ်တိုက်သစ်က ဦးဝီရသူခေါ် ဦးဝိစိတ္တ ဘိဝံသရဲ့ တရားပွဲ ဟောပြာခွင့် ပိတ်ခံလိုက်ရပါတယ်။

တရားပွဲ ကျင်းပခွင့် ပွဲမိန့်ကျထား ပြီးသား ဖြစ်ပေမယ့် ၂၉ ရက်နေ့ တုန်း က ရန်ကုန် လေဆိပ်မှာ ဦးကိုနီ လုပ်ကြံ ခံရမှု ဖြစ်ပွား ပြီးနောက်မှာ လုံခြုံရေး အကြောင်း ပြချက် နဲ့ နယ်လုံဝန်ကြီး က ပွဲမိန့်ကို ပြန်ရုတ်သိမ်း ခဲ့တာ ဖြစ်ကြောင်း ဦးဝီရသူ က ပြောပါတယ်။

အရင် တရားပွဲတွေ တုန်းက တော့ ပွဲစီစဉ်သူတွေက လုံခြုံရေး ကို တာဝန်ယူ တာ ဖြစ်ပေမယ့် ဧရာဝတီ တိုင်း အစိုးရ အနေနဲ့ ပုဂ္ဂိုလ်ရေး အမြင်မကြည်တဲ့ အတွက် အခုလို လုံခြုံရေး အကြောင်းပြပြီး တရားပွဲ ပိတ်ပင်ခဲ့တာလို့ သူက ဆိုပါတယ်။

အမျိုးသားရေး ကိစ္စ နဲ့ ၉၆၉ လှုပ်ရှားမှု တွေကို ပြော တဲ့ သံဃာ တစ်ပါး ရဲ့ တရားပွဲ ကို NLD အစိုးရ လက်ထက်မှာ ပထမဆုံး ပိတ်ပင် ခဲ့တာလည်း ဖြစ်ပါတယ်။

ဘာသာရေး နဲ့ အမျိုးသားရေး ဟာ ကာကွယ်ဖို့ လိုအပ်တယ် ဆိုတဲ့ ကိစ္စ တွေကို ဦးဝီရသူ က လှည့်လည် ဟောပြော နေတာပါ။ ဦးဝီရသူ ရဲ့ တရားဟောပြောမှု ပုံစံကြောင့် အချို့ဒေသ တွေမှာ အငြင်းပွားမှု တွေလည်း ဖြစ်ပေါ် ခဲ့ဖူးပါတယ်။

လုံခြုံရေး ကျိုးပေါက် စရာ ကိစ္စ တွေ ဖြစ်ပေါ်လာမှာ မဟုတ်ဘဲ၊ ပြည်သူ တွေ အပေါ်မှာ စေတနာမွဲတဲ့ အစိုးရမို့ အခုလို တရားပွဲ ခွင့်ပြုမိန့်ကို ပြန်လည် ရုတ်သိမ်း တာ လို့ ဦးဝီရသူ က ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ