ကုလရဲ့ အစီရင်ခံစာကို စုံစမ်းမယ်လို့ ဒေါ်စု ကတိပေး

  • 4 ဖေဖော်ဝါရီ 2017
Image caption လူအခွင့်ရေး ဆိုင်ရာ မဟာမင်းကြီး နဲ့ ဒေါ်အောင်ဆန်းစုကြည် တယ်လီဖုန်း ဆက်သွယ် ပြောကြားခဲ့

ရခိုင်ပြည်နယ် က ရိုဟင်ဂျာ မွတ်ဆလင် တွေကို ပစ်မှတ် ထားပြီး လုံခြုံရေး တပ်ဖွဲ့ တွေက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကျူးလွန်နေကြောင်း ကုလသမဂ္ဂ ရဲ့ အစီရင်ခံစာ ကို စုံစမ်းဖို့ ဒေါ်အောင်ဆန်းစုကြည်က ကတိပေးခဲ့တယ်လို့ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး ဇိတ် ဘင် အယ်လ် ဟူစိန်က ပြောပါတယ်။

တပ်မတော် နဲ့ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ကျူးလွန်မှုတွေကို ရပ်တန့်ဖို့ နည်းလမ်း မျိုးစုံ သုံးပြီး ကြိုးစားပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ကို တယ်လီဖုန်း ဆက်သွယ် ပြောကြား ပြီး တိုက်တွန်း ခဲ့ကြောင်း သူက ပြောပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ရခိုင်ပြည်နယ်က မွတ်ဆလင် တွေကို ပစ်မှတ် ထား တိုက်ခိုက်မှုတွေ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကို လုံခြံရေး အဖွဲ့တွေက ကျူးလွန် နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံး က အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။

အခု အစီရင်ခံစာကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် နယ်စပ် ဖြတ်ကျော် ထွက်ပြေး လာကြရတဲ့ ရိုဟင်ဂျာ တွေထဲက လူပေါင်း ၂ဝဝ ကျော် ကို တွေ့ဆုံ မေးမြန်းပြီး ထုတ်ပြန် တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေ အပေါ်ကျူးလွန်ခဲ့တဲ့ ကြမ်းကြုတ် ရက်စက်မှု တွေဟာ လူသား မျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မျိုး မြောက်စေ နိုင်ဖွယ် အခြေအနေမျိုး ရှိနေတယ်လို့ အစီရင်ခံစာထဲ ရေးသား ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ