ပထမဆုံး မြန်မာ အလွတ်စုံထောက် ကုမ္ပဏီထူထောင်

  • 5 ဖေဖော်ဝါရီ 2017
Image caption မြန်မာ အလွတ်စုံထောက်ကုမ္ပဏီထူထောင်

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံး အလွတ်စုံထောက်လုပ်ငန်း ကို စစ်တပ်အရာရှိဟောင်း၊ ရဲအရာရှိဟောင်းကြီးတွေ ၊ စီအိုင်ဒီအရာရှိဟောင်းကြီးတွေနဲ့ တရားသူကြီးဟောင်းတွေပူးပေါင်းဖွဲ့စည်းလိုက်ပါတယ်။

အလွတ်စုံထောက်အဖွဲ့ကို မြန်မာပထမ အလွတ်စုံထောက်လုပ်ငန်းကုမ္ပဏီ လီမိတက် လို့ နာမည်ပေးထားပြီး စီးပွားရေးလုပ်ငန်းဆိုင်ရာ၊ ကိုယ်ရေးကိုယ်တာဆိုင်ရာ စုံစမ်းထောက်လှမ်းချင်တဲ့ ကိစ္စတွေကို အခကြေးငွေယူဆောင်ရွက်ပေးမှာဖြစ်သလို ရဲတပ်ဖွဲ့ကိုလည်း ကူညီလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အလွတ်စုံထောက်လုပ်ငန်း ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးဌေးညွန့်က ဘီဘီစီကို ပြောပါတယ်။

ကုမ္ပဏီကို ကျပ်သိန်း ၅၀ မတည်ရင်းနှီးထူထောင်ထားတယ်လို့လည်း ဆိုပါတယ်။

အလွတ်စုံထောက် အဖွဲ့ အနေနဲ့ အခုအခါမှာ အမှု သုံးခုကို လက်ခံထားပြီး နှစ်မှုက လင်မယားပြဿနာနဲ့ ပတ်သက်တဲ့ အမှုတွေလို့ ဆိုပါတယ်။