လာဘ်ယူငွေ ဒေါ်လာ ၄၈၀၀ ကျော်မှ ရာဇဝတ်မှု သတ်မှတ်တာကို ကန့်ကွက်ဆန္ဒပြ

  • 5 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် AP
Image caption လာဘ်ယူငွေ ဒေါ်လာ ၄၈၀၀ ကျော်မှ ရာဇဝတ်မှု သတ်မှတ်တာကို ကန့်ကွက်ဆန္ဒပြ

အကျင့်ပျက်လာဘ်စားမှုတချို့ကို ဒဏ်ရိုက်တဲ့ပြစ်ဒဏ်လောက်သာ လျှော့ပေါ့သတ်မှတ်မယ်ဆိုတဲ့ ဥပဒေကြမ်းတခုကို ပယ်ဖျက်လိုက်တော့မယ်လို့ ရိုမေးနီးယားအစိုးရက ကြေညာလိုက်ပါတယ်။ အင်မတန်ကြီးမားတဲ့ လူအုပ်ကြီးက လမ်းပေါ်ထွက်ပြီး ၅ ရက်ဆက်တိုက်ဆန္ဒပြခဲ့ပြီး နောက်မှာ အခုလို ဆုံးဖြတ်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဥပေဒကြမ်းက ဒေါ်လာ ၄ သောင်း ၈ ထောင်ကျော်တဲ့ လာဘ်စားမှုကျမှသာ ရာဇဝတ်မှုနဲ့ တရားစွဲဆိုပြီး အဲဒီထက်နည်းရင် ဒဏ်ငွေသာသတ်မှတ်မယ်လို့ဆိုတဲ့ အတွက် လူအများက မကျေမနပ်ဖြစ်ပြီး လမ်းပေါ်ထွက်ဆန္ဒပြကြတာဖြစ်ပါတယ်။

ရိုမေးနီးယားနိုင်ငံမှာ သဘောထားအမြင် နှစ်ခြမ်းကွဲပြားသွားတာမျိုး မဖြစ်စေလိုတဲ့ အတွက် တနင်းဂနွေနေ့မှာ အစိုးရအဖွဲ့ရဲ့ အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ဥပေဒကို ပယ်ဖျက်ရုပ်သိမ်းလိုက်တော့မယ်လို့ ဝန်ကြီးချုပ် ဆိုရီးန် ဂရင်ဂျာ့နူးက သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုသွားပါတယ်။

ဘူခါရက်စ်မြို့လယ်ခေါင်မှာတော့ သူ့ကြေညာချက်ကို ဆန္ဒပြသူတွေက အလံတွေ ဝှေ့ယမ်းကြိုဆိုခဲ့ကြပါတယ်။