မလေးရှားက ဒုက္ခသည်ကူညီရေး သင်္ဘော လာနေ

  • 5 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် MOHD RASFAN
Image caption မလေးရှား ဝန်ကြီးချုပ် နာဂျစ်နဲ့ ကယ်ဆယ်ရေး အဖွဲ့တွေ

မလေးရှားက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို စေလွှတ်တဲ့ ဒုက္ခသည် ကူညီရေး သင်္ဘောဟာ ရန်ကုန်ကို မကြာခင် ရက်ပိုင်း အတွင်း ရောက်လိမ့်မယ်လို့ သိရပါတယ်။

၇ ရက်နေ့ လောက် ရန်ကုန် ရောက်မယ်၊ မြန်မာ အစိုးရ ဘက်က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး လက်ခံ ရယူပြီး ဒီအကူအညီတွေကို စစ်တွေ ပို့မယ်၊ အဲဒီကမှ အသိုင်းအဝိုင်း ၂ ခုစလုံးကို ဝေငှ ပေးသွားမယ်လို့ ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးစိုးအောင်က ပြောပါတယ်။

သင်္ဘောပေါ်မှာ ဆန်၊ ခေါက်ဆွဲခြောက် စတဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါး တန်ချိန် ၂ဝဝဝ လောက် ပါလာပြီး မြန်မာပြည်အတွက် တန်ချိန်တထောင်လောက် ပါလာဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

သင်္ဘောပေါ် ပါလာတဲ့ စေတနာ့ ဝန်ထမ်းတွေကတော့ ဘင်္ဂလားဒေ့ရှ်ကို ဆက်သွားမယ် လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက လာသွားတဲ့ အင်ဒိုနီးရှား ကူညီရေး အဖွဲ့က ဝေငှတာတွေကိုလည်း နှစ်ဘက် အသိုင်းအဝိုင်းကို အစိုးရက ဦးစိုးအောင်က ဝေငှ ပေးခဲ့တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂက ပေးတဲ့ အကူအညီတွေကိုလည်း မောင်တော မြောက်ပိုင်းထိ သွားခွင့်ပြုနေပြီလို့ သူက ဆိုပါတယ်။

ဒီမလေးရှား ကူညီရေး သင်္ဘောကို လူမှု ကူညီရေး အဖွဲ့တွေ ပူးပေါင်း စေလွှတ်တာလို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ