၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး ၂၈ ရက်နေ့ ကျင်းပမယ်

  • 6 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ဆုံးဖြတ်ချက် အချို့ကို တိုင်းရင်းသား လက်နက်ကိုင် အချို့ က မကျေနပ်လို့ ၂၁ ရာစု ပင်လုံ ညီလာခံ တက်ဖို့ မသေချာတဲ့ အထိ ဖြစ်သွား ခဲ့ရ

UPDJC အစည်း အဝေး မှာ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယ အကြိမ် အစည်းအဝေး ကို ဖေဖော်ဝါရီလ ၂၈ ရက် နေ့မှာ ကျင်းပ ဖို့၊ ညီလာခံ တက်ရောက်မယ့် ကိုယ်စားလှယ် ၇၀၀ သာ ထားရှိ ဖို့နဲ့ ပအိုဝ်း ဒေသ၊ RCSS/SSA ဒေသနဲ့ ပဲခူးတိုင်း ဒေသကြီး တို့မှာ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ တွေ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ ကြပါတယ်။

၉ ကြိမ်မြောက် ကျင်းပ ခဲ့တဲ့ ဒီအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆုံးဖြတ်ချက် အချို့ကို တိုင်းရင်းသား လက်နက်ကိုင် အချို့ က မကျေနပ်လို့ ၂၁ ရာစု ပင်လုံ ညီလာခံ တက်ဖို့ မသေချာတဲ့ အထိ ဖြစ်သွား ခဲ့ရ ပါတယ်။

အကြောင်းကတော့ ချင်းပြည်နယ်နဲ့ ရခိုင် ပြည်နယ် တို့မှာ အစိုးရ ဘက်က အဆင်သင့် မဖြစ် သေးဘူး ဆိုတဲ့ အကြောင်း ပြချက် နဲ့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေး ပွဲတွဲ မကျင်းပဖို့ ဆုံးဖြတ်ခဲ့တာ ကြောင့်ပါ။

အဲဒီ အပေါ်မှာတော့ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက မကျေ မနပ် ဖြစ်ခဲ့ ရတာပါ။

အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခွင့် မရရင် ချင်းအမျိုးသား တပ်ဦး CNF အနေနဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ တက်ဖို့ မသေချာ တော့ ဘူးလို့ အဓိပတိ ကောင်စီဝင် ဒေါက်တာ လျန်မုန်း ကပြောပါတယ်။

ရခိုင်မှာ ဆိုရင် နိုင်ငံရေး အရ ရှုပ်ထွေး သိမ်မွေ့ တာကြောင့် ဖြစ်ပြီး ချင်းပြည်နယ် မှာတော့ ဆက်ဆံရေး ရုံးဖွင့်ဖို့ နယ်မြေခံက လက်မခံ နိုင်တဲ့ အနေ အထား မျိုး ဖြစ်တဲ့ အတွက် မလုပ်နိုင် သေးတာ ဖြစ်တယ်လို့ အစိုးရ ကိုယ်စားလှယ် ဦးဇော်ဌေး က ပြောပါ တယ်။

NCA စာချုပ်မှာ လက်မှတ် မထိုး ရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ၂၁ ရာစု ပင်လုံ ညီလာခံရဲ့ ဒုတိယ အကြိမ် အစည်း အဝေးမှာ လေ့လာသူ အနေနဲ့လည်း ဖိတ်ကြားမှာ မဟုတ် သလို့ အထူးဧည့်သည့် အနေနဲ့လည်း ဖိတ်ကြားမှာ မဟုတ်ဘူးလို့ အစည်း အဝေးက ဆုံးဖြတ်ခဲ့ ပါတယ်။

အဲဒီ အဖွဲ့တွေ ညီလာခံ တက်ရောက် နိုင်ရေး ညီလာခံ မတိုင်ခင် ဆွေးနွေး အဖြေရှာသွားဖို့ ရှိတယ်လို့ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်းမြင့်ထွန်းက ပြောပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံ ညီလာခံဟာ ပထမ အကြိမ် အစည်း အဝေးက လို စာတမ်း ဖတ်ကြားတဲ့ ပုံစံ မဟုတ်ဘဲ နိုင်ငံရေး စီးပွားရေး လူမူရေးနဲ့ မြေယာ၊ သယံဇာတ ခေါင်းစဉ်တွေ ကို အပြန် အလှန် ဆွေးနွေးပြီး ဆုံးဖြတ်ချက် တွေ ချမှတ်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ