ခိုးဝင် ဘင်္ဂလား ငါးဖမ်းလှေကို နယ်ခြား စောင့်တပ် ပစ်ခတ်

  • 6 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption နတ်မြစ်ကမ်းဘေးက ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များ

ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ နယ်စပ်က နတ်မြစ်အတွင်း ဖေဖော်ဝါရီ ၆ ရက်နေ့က မြန်မာ ရေပိုင်နက်ကို ကျော်ဝင်လာတဲ့ ငါးဖမ်းလှေတစ်စီးကို မြန်မာ နယ်ခြားစောင့် တပ်က ပစ်ခတ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲ အရာရှိရဲ့ ပြောဆိုမှုကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မှာ တင်းမာမှုတွေ ရှိနေတဲ့ အချိန်မှာ ဖြစ်ခဲ့တဲ့ အခု ပစ်ခတ်မှုကြောင့် တစ်ဦး သေပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့ ပါတယ်။

အောက်တိုဘာ ၉ ရက်နေ့က မောင်တောမြို့နယ် နယ်ခြားစောင့် စခန်းတွေ တိုက်ခိုက် ခံရ ပြီးနောက် အခုလို နယ်စပ်က နတ်မြစ်အတွင်း မြန်မာ ဘက်က ပစ်ခတ်တာဟာ ဒီတစ်ကြိမ် နဲ့ပါ ဆိုရင် နှစ်ကြိမ် ရှိသွားပြီ ဖြစ်ပါတယ်။

ဘင်္ဂလား ဒေ့ရှ့် နိုင်ငံ တက်ကနက်မြို့က ဒေသခံ ရခိုင်အမျိုးသား တစ်ဦး ကတော့ သေဆုံးသွားတဲ့ သူဟာ အသက် ၂၆ နှစ် အရွယ် နူရ်လာမီ ဖြစ်ပြီး ဒဏ်ရာရသူက ၂၅ နှစ် အရွယ် မော်တာဇာ ဖြစ်တယ်လို့ ဆို ပါတယ်။

ဒဏ်ရာရသူကို ဖလောင်းချိတ် ဆေးရုံကို ပို့ထားတယ်လို့ သူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ကတော့ တစုံတရာ မသိရှိရသေးကြောင်း အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာ အကြမ်းဖက်မှုတွေဖြစ်ခဲ့ပြီးနောက် တပ်မတော်ရဲ့ နယ်မြေ ရှင်းလင်းရေးတွေကြောင့် ဘင်္ဂလားဒေ့ရှ် ဘက်ကို မြန်မာနိုင်ငံက မွတ်ဆလင်တွေ ထွက်ပြေး နေတာတွေ ရှိနေပြီး နယ်စပ် အခြေအနေက တင်းမာနေပါတယ်။

အဲဒီလို အချိန်မှာ မြန်မာ နယ်ခြားစောင့်တပ်က ပစ်ခတ်တဲ့အတွက် ဘင်္ဂလာဒေ့ရှ် ငါးဖမ်းသမား တစ်ဦး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ် အပေါ်မှာ နယ်စပ်နေ ပြည်သူတွေက စိတ်ဝင်တစား စောင့်ကြည့် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ