မောင်တော ရွှေဗဟိုကျောင်း မှာ စိတ်ကြွဆေးတွေ ဖမ်းဆီးရမိ

  • 6 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် State Counsellor Office Information Committee
Image caption စိတ်ကြွရူးသွပ်ဆေးပြား လေးသိန်း နဲ့ ရွှေဗဟို ကျောင်း ထဲက ရှာဖွေရာမှာ ၃၈ သိန်း လေးသောင်း၊ စုစုပေါင်း ၄၂သိန်း ၄သောင်းကို ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် မောင်တောမြို့က ရွှေဗဟိုကျောင်း မှာ တန်ဖိုး သိန်းပေါင်း ၈၄၈၀၀ ကျပ် ရှိတဲ့ စိတ်ကြွဆေးပြား ၄၂ သိန်း ၄သောင်း၊ လက်ပစ်ဗုံး တစ်လုံးနဲ့ ကျည်ဆံ ၉၄ တောင့်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

စိတ်ကြွဆေးပြားနဲ့ ကျည်ဆံ အချို့ ဖမ်းဆီး ရမိ ခဲ့တာ နဲ့ ပတ်သက်လို့ လည်း နိုင်ငံတော် အတိုင်ပင်ခံ ရုံးက ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အတည်ပြု သတင်း ထုတ်ပြန်ထားပါတယ်။

ဉူးပညာနန္ဒ(ခ)မင်းနိုင် မောင်းနှင်ပြီး ဦးအာစာရ (ခ)အေးလွင် လိုက်ပါလာတဲ့ KLUGER ကားကို ရပ်တန့်စစ်ဆေးရာမှာ ဆာလာအိတ် ထဲမှာ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား လေးသိန်း နဲ့ ရွှေဗဟိုကျောင်းထဲက ရှာဖွေရာမှာ ၃၈ သိန်း လေးသောင်း၊ စုစုပေါင်း ၄၂သိန်း ၄သောင်းကို ဖမ်းဆီးရမိခဲ့ ကြောင်း မောင်တော မြို့နယ် ရဲစခန်းက မြို့နယ်မှူးက ပြောပါတယ်။

ဒီဆေးပြားတွေထဲက ပထမ လေးသိန်းကို ဖေဖော်ဝါရီလ ၅ ရက် ညနေ ၅ နာရီ ၁၅ ချိန်မှာ မောင်တောမြို့နယ်၊ နယ်မြေ(၇)၊ ဗောဓိကုန်း စစ်ဆေးရေး စခန်းမှာ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ က ရှာဖွေ ဖမ်းဆီး ရမိတာဖြစ်ပြီး နောက်ထပ် ၃၈ သိန်း လေးသောင်းကိုတော့ ရွှေဗဟိုရွာ ရွှေဗဟိုကျောင်းကနေ ဖမ်းဆီးမိတာ ဖြစ်ပါတယ်။

အဲဒီကျောင်းထဲက လက်ပစ်ဗုံးတစ်လုံးနဲ့ ဖျူးစ် တစ်ခု၊ ကျည်ဆံမျိုးစုံ ၉၄ တောင့်ကို သိမ်းဆည်း ရမိခဲ့ပါတယ်။ ဒီကိစ္စကို အသေးစိတ် သိရှိ နိုင်ဖို့ အတွက် မောင်တောမြို့ မူးယစ်ဆေးဝါး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ကို မေးကြည့်တော့ ဖြေဆိုဖို့ ငြင်းဆိုပါတယ်။

နောက်ဆုံးရရှိတဲ့ သတင်းအရ ကားမောင်းသူ ဉူးပညာနန္ဒ(ခ) မင်းနိုင်နဲ့ ဗဟိုကျောင်း ဆရာတော် ဦးအာစာရ (ခေါ်)အေးလွင်တို့ကို သာသနာရေး ဦးစီးဌာနက မောင်တောမြို့မကျောင်းတိုက်မှာ သိက္ခာချ လူဝတ်လဲ ပြီး တရား ဥပဒေအရေ အရေးယူနိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ