ဦးသိန်းစိန်လက်ထက်က MICA ကို ဖျက်မယ်

  • 7 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office facebook
Image caption MICA က ငှားရမ်း ခဲ့တဲ့ နှုန်းထား တွေဟာ လက်ရှိ ခေတ်ကာလ ပေါက်ဈေးနဲ့ ကွာဟနေ

သမ္မတ ဦးသိန်းစိန် လက်ထက်က ဖွဲ့စည်း ခဲ့တဲ့ မြန်မာ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ MICA ( Myanmar International Cooperation Agency ) ကို ဖျက်သိမ်း မယ်လို့ စိုက်ပျိုးရေး မွေးမြူရေး နဲ့ ဆည်မြောင်း ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်က အမျိုးသား လွှတ်တော်မှာ ဖြေကြားခဲ့ ပါတယ်။

မြန်မာနိုင်ငံ တကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ MICA ကို သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်က ဖွဲ့ စည်းခဲ့ပြီး သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့တာပါ။

အရှုံးပေါ်နေတဲ့ နိုင်ငံတော်ပိုင် လုပ်ငန်း အချို့ကို ပုဂ္ဂလိကနဲ့ ပူးပေါင်းပြီး ရေရှည် ဖွံဖြိုး တိုးတက်ရေး အတွက် ဆိုပြီး မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အောက်မှာ စက်ရုံနဲ့ ခြံမြေ ၆၀ ခန့်ကို ပုဂ္ဂလိက ငှားရမ်း လုပ်ကိုင်ခွင့် နဲ့ ပတ်သက်ပြီး MICA ကို ခွင့်ပြုခဲ့ ပါတယ်။

အဲဒီလို လွှဲပြောင်း လုပ်ကိုင်ဖို့ MICA က ငှားရမ်း ခဲ့တဲ့ နှုန်းထား တွေဟာ လက်ရှိ ခေတ်ကာလ ပေါက်ဈေးနဲ့ ကွာဟနေ တာတွေ မွေးမြူရေး လုပ်ငန်း အတွက် အဓိက ကျတဲ့ အခြေခံ အဆောက် အဦတွေ နေရာ မွေးမြူရေးနဲ့ မဆိုင်တဲ့ အဆောက် အဦတွေ တည်ဆောက် လာတဲ့ အတွက် MICA အပေါ် လွှတ်တော်ကိုယ် စားလှယ်တွေနဲ့ ပညာရှင်တွေ ကဝေဖန်ခဲ့ ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ မှာ ကျင်းပ ခဲ့တဲ့ အမျိုးသား လွှတ်တော် အစည်း အဝေးမှာ ကရင် ပြည်နယ် က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အာကာမိုးက MICA ကို နိုင်ငံတော်နဲ့ နိုင်ငံသားများ အတွက် အကျိုး မရှိပဲ လူတစုက လက်ဝါးကြီးအုပ် ချယ်လှယ် လုပ်ကိုင် ဆောင်ရွက် ခဲ့ခြင်းကြောင့် မိုက်ကာကို ဖျက်သိမ်းပြီး တရား ဝင် ခွင့်ပြု့ချက် မရရှိပဲ စက်ရုံ မြေယာများကို မည်သို့ စီမံထား ကြောင်းနဲ့ ရရှိ ခဲ့တဲ့ ငွေကြေး စီမံခန့်ခွဲမှုကို ဝန်ကြီး ဌာန အနေနဲ့ ပွင့်လင်း မြင်သာစွာ ဖော်ထုတ် ပေးရန် အဆို တင်သွင်းခဲ့ ပါတယ်။

ဒီအဆိုနဲ့ ပတ်သက်လို့ အမျိုးသား လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် အများစုက ထောက်ခံ ဆွေးနွေး ခဲ့ပြီး မဲခွဲတဲ့အ ခါမှာ အဆို အတည်ဖြစ်သွားခဲ့ ပါတယ်။

ပုဂ္ဂလိကကို ငှါးရမ်းထားတဲ့ မြေယာ အဆောက် အဦတွေနဲ့ ပတ်သက်လို့ NLD အစိုးရရဲ့ မူဝါဒ အရ တစ်နှစ် တစ်ကြိမ် ပြန်လည် သုံးသပ် သွားဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ