မွန်အမျိုးသားနေ့မှာ စစ်ရေးပြ အခမ်းအနား မလုပ်ဖို့ တားမြစ်

  • 7 ဖေဖော်ဝါရီ 2017
Image caption စစ်ရေးပြချီတက် တဲ့ အခမ်းအနား ကို ထည့်သွင်း ကျင်းပနေလေ့ ရှိပေမဲ့ အခုနှစ်ကျမှ ပြည်နယ် အစိုးရ ဘက်က ထူးထူးခြားခြား တားမြစ်

ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ ကျရာက်မယ့် မွန်အမျိုးသား နေ့ အခမ်းအနား ကို မွန်ပြည်သစ်ပါတီက ဦးဆောင်ပြီး ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်းရွာမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပတဲ့ ဂျပန်ရေတွင်း ရွာက ဘုရားသုံးဆူ မြို့နဲ့ နီးကပ်တဲ့ အတွက် လက်နက် နဲ့ ချီတက် စစ်ရေးပြ အစီအစဉ်မထည့်ဖို့ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက တားမြစ်ထားပါတယ်။

နှစ်စဉ်ကျင်းပမြဲ မွန် အမျိုးသားနေ့ အခမ်းအနားမှာ စစ်ရေးပြချီတက် တဲ့ အခမ်းအနား ကို ထည့်သွင်း ကျင်းပနေကျ ဖြစ်ပေမယ့် အခုနှစ်ကျမှ ပြည်နယ် အစိုးရ ဘက်က ထူးထူးခြားခြား တားမြစ် လာတာ ဖြစ်ပါတယ်။

မွန်ပြည်သစ် ပါတီဘက်ကတော့ စစ်ရေးပြအခမ်းအနား ဟာ နှစ်စဉ် ကျင်းပမြဲ သမာရိုးကျ ထုံးစံမို့ လုပ်မြဲအတိုင်း လုပ်မှာ ဖြစ်ကြောင်း ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဗဟို အလုပ်အမှုဆောင် နိုင်ဝင်းလှ က ပြောပါတယ်။

လုံခြုံရေး နဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး ရဲ့ တားမြစ် ခဲ့မှု နဲ့ ပတ်သက်ပြီး မွန်ပြည်သစ် ပါတီ ဘက် က တရားဝင် ပြန်လည် အကြောင်း ပြန်ကြား မှု လည်း လုပ်သွားမယ်လို့ သိရပါတယ်။

နှစ်၇၀ မြောက် မွန် အမျိုးသားနေ့ အခမ်းအနား မှာ ပါတီ အနေနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ တန်းတူ ညီမျှရေး စတဲ့ ကိစ္စတွေ အတွက် သန္နိဋ္ဌာန် ချ ပြီး ဆောက်ရွက် သွားမယ်လို့ နိုင်ဝင်းလှ က ပြောပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ပင်လုံညီလာခံ ကိုလည်း ကိုယ်စားလှယ် အနေနဲ့ ဖိတ်ကြားရင် တက်ရောက်သွားမယ်လို့လည်း နိုင်ဝင်းလှ က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ