ချောင်းဆုံ - မော်လမြိုင် သံလွင်မြစ်ကူးတံတား နာမည် ပြောင်းမှာလား

  • 11 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် MOI
Image caption သထုံ ခရိုင်ချင်းဆက်လမ်း တံတား ပြည်နယ် အရာရှိတွေ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်မှာ ချောင်းဆုံ မော်လမြိုင် သံလွင်မြစ်ကူး တံတား ကို ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် အမည်ပေးမယ့်ကိစ္စကို အခုအခါ အခြားအမည် ပြောင်းလဲ သတ်မှတ်မယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။

ဒီ တံတားကို ဗိုလ်ချုပ် မွေးနေ့ ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဖွင့်လှစ်ဖို့ ရည်ရွယ် ထားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ဒီ သံလွင်မြစ်ကူးတံတား ချောင်းဆုံကို ပြည်ထောင်စုဆောက်လုပ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပေးဖို့ စီစဉ်တာကို တခြားအမည်ပြောင်းပေးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို ဗိုလ်ချုပ်အောင်ဆန်း တံတား အမည် ပေးဖို့ ဖြစ်လာရတာဟာ အစိုးရ အဖွဲ့အတွင်း ညွှန်ကြားချက်ကြောင့် မဟုတ်ဘဲ ဝန်ကြီးဌာက စီစဉ်တာ ဖြစ်တယ်လို့ မွန်ပြည်နယ် ၀န်ကြီးချုပ်က ပြောကြောင်း သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ က ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံရေး အမြတ်ထုတ်မှုတွေ ဖြစ်မှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ