ပင်လုံစာချုပ်နှစ် ၇၀ပြည့် ဒေါ်စုတက်

  • 12 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် STRINGER
Image caption ပင်လုံကျောက်တိုင်ဘေးမှာ ပြည်ထောင်စုနေ့မိန့်ခွန်း ပြောခဲ့

နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားကို ပင်လုံမြို့မှာ ကျင်းပခဲ့ပါတယ် ။

ဒီနှစ်မှာ ထူးခြားတာတော့ ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင် ၂၃ ဦးရဲ့မိသားစုဝင်တွေ နှစ် ၇၀ အတွင်း ပထမဆုံးအကြိမ် တက်ရောက် လာတာတွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စုနေ့ ကျင်းပမယ့် ပင်လုံကျောက်တိုင်ကို ၉ နာရီခွဲလောက်မှာ ရောက်လာခဲ့ပြီး ကျောက်တိုင်ကိုဝင်တဲ့ လမ်းတလျှောက်မှာ ဒေသခံ တိုင်းရင်းသားတွေဟာ အမေစုကျန်းမာပါစေ ဆို လို့ ကြွေးကြော်ပြီး ကြိုဆိုခဲ့ကြပါတယ်။

ပင်လုံကျောက်တိုင်ဝင်းထဲကို ဖိတ်ကြားထားတဲ့ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်၊ အစိုးရဝန်ထမ်းတွေ ကျောင်းသားနဲ့ တိုင်းရင်းသားတွေ စုစုပေါင်း ၅၀၀ လောက် တက်ရောက်ခဲ့ပါတယ်။

ဒေသခံအများစု ကတော့ ကျောက်တိုင်ဝင်း အပြင်ဘက်ကနေသာ ကြည့်ရှု့ခဲ့ကြတာ တွေ့ရပါတယ် ။

ပင်လုံမြို့မှာ ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားဟာ ငြိမ်းချမ်းရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံ အတွက် အထောက်အကူ ဖြစ်မယ့် အဓိပ္ပာယ်ရှိတဲ့ အခမ်းအနားလို့ တက်ရောက်လာသူတွေ ကမျှော်လင့် တကြီး ပြောပြပါတယ် ။

ပြည်သူတွေအတွက် တန်ဖိုးအရှိဆုံးနဲ့ အကြီးမားဆုံး ကတော့ ငြိမ်းချမ်းရေး ဖြစ်တဲ့အကြောင်းနဲ့ NCA စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း အမြန်ဆုံး လက်မှတ်ထိုးဖို့ ပြည်ထောင်စုနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံတိုက်တွန်းလိုက်ပါတယ် ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့၂၁ ရာစုပင်လုံညီလာခံမှာ ပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆော်သြ လိုက်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ၂၁ ရာစုပင်လုံညီလာခံမှာ ပါဝင်လာဖို့ အစိုးနဲ့ ညှိနှိုင်းစရာတွေရှိသေးသလို အချိန်ယူရမယ်လို့ တက်ရောက်လာသူအချို့ကပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ