ရိုဟင်ဂျာ ဒုက္ခသည် ထောက်ပံ့ရေးသင်္ဘော ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဆိုက်ရောက်လာ

  • 13 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption မလေးရှားသင်္ဘောဟာ မြန်မာနိုင်ငံ သီလဝါဆိပ်ကမ်းမှာလည်း အထောက်အပံ့တွေ ချခဲ့

မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ထောက်ပံ့ဖို့ ကယ်ဆယ်ရေး ပစ္စည်းတွေ တင်ဆောင်လာတဲ့ မလေးရှား သင်္ဘောဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းကို ရောက်ရှိလာပါတယ်။

အဲဒီ သင်္ဘောဟာ ကော့ဘဇားနားမှာ ဆိုက်ကပ်ပြီး သင်္ဘောပေါ်ပါလာတဲ့ ဆန်၊ ဆေးဝါးနဲ့ တခြား ကယ်ဆယ်ရေးပစ္စည်း တန်၂ထောင်လောက်ကို ဒုက္ခသည်စခန်းတွေဆီ ကားနဲ့ ပို့ပေးမယ်လို့ ဘင်္ဂလားဒေ့ရှ် အရာရှိတွေက ပြောပါတယ်။

အောက်တိုဘာလက နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးတွေ လုပ်ပြီး နောက်ပိုင်း ရိုဟင်ဂျာ မွတ်ဆလင် ၇သောင်းခန့် ရခိုင်ပြည်နယ်ကနေ ထွက်ပြေးခဲ့တယ်လို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။

အဲဒီဒုက္ခသည်တွေကို ဘင်္ဂလား ပင်လယ်အော်ထဲက လူမနေတဲ့ ကျွန်းတကျွန်းဆီ ပို့မယ် ဆိုတဲ့ အငြင်းပွားစရာ အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက မကြာသေးခင်က ထုတ်ဖော် ကြေညာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ