မြန်မာ- ဘင်္ဂလားနယ်စပ် ကုန်သွယ်မှုပြန်ဖွင့်

  • 15 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် NYUNT WIN
Image caption တည်ငြိမ်မှု ပျက်ခဲ့ရတဲ့ ရခိုင်မြောက်ပိုင်း

အောက်တိုဘာလ ၉ ရက် နယ်ခြားစောင့်တပ်တွေ တိုက်ခိုက်ခံရပြီးကတည်းက ၄ လနီးပါး ပိတ်ထားခဲ့ရတဲ့ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်မှုကို ပြန်လည်ဖွင့်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ရဲ့ စီးပွားရေး လုပ်ငန်းထဲမှာ အဓိက နေရာက ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ကုန်သွယ်ရေးကို နှစ်နိုင်ငံ သဘောတူညီမှုနဲ့ အခုအခါ ပြန်ဖွင့်လိုက်ပြီ ဖြစ်ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြား နယ်စပ် လဝကကနေ ထုတ်ပေးတဲ့ လက်မှတ်တွေနဲ့ ဟိုဘက် ဒီဘက် ခုနှစ်ရက်ခန့် သွားလာ လည်ပတ်နိုင်ပြီး တနေ့ကို လူတင်ဘုတ် ၂ စီး၊ ကုန်တင်ဘုတ် သုံးစီးခန့် ပုံမှန် သွားလာကုန်သွယ်နေကြတာဖြစ်ပါတယ်။

လုံခြုံရေး ယခင်ကထက် တိုးတက်ကောင်းမွန်လာတဲ့ အတွက် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းကို ပြန် ဖွင့်လှစ်တာ ဖြစ်တယ်လို့ မောင်တောနယ်စပ်ကုန်သည်ကြီး အသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောပါတယ်။

မောင်တောနဲ့ တက်ကနက် နယ်စပ် ကုန်သွယ်ရေးမှာ မြန်မာဘက်က ပို့ကုန်ဟာ အသာစီးရနေတဲ့ အတွက် နိုင်ငံတော် အပိုင်းက အားပေး အားမြောက်ပြုဖို့လိုတယ်လို့လဲ ပြောပါတယ်။

မောင်တောနယ်စပ်ကုန်သွယ်ရေးက ရပ်တန့်နေရာကနေ အခုအခါ ပြန်လည် ဖွင့်လှစ်ပြီ ဖြစ်ပေမယ့် အရင်ကလို ဟိုဘက် ဒီဘက် လူတွေသွားလာမှုကတော့ အတော့ကို နည်းပါးနေသေးတယ်လို့ သိရှိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ