YBS စတာ တလပြည့်ခဲ့ပေမယ့် ခရီးသည်တွေ အဆင်မပြေသေး

  • 17 ဖေဖော်ဝါရီ 2017
Image caption YBS ဘတ်စ်ကား စီးတဲ့ ခရီးသည်တွေ အဆင်မပြေကြသေး

အရင် မထသ မော်တော်ယာဉ် လိုင်းပေါင်းစုံ ကြီးကြပ်ရေး ကော်မတီကို ဖျက်သိမ်းပြီး YBS ရန်ကုန် ဘတ်စ်ကား ၀န်ဆောင်မှုကို စတင်ခဲ့တာ တလပြည့်မြောက်ခဲ့ပေမယ့် ခရီးသည်တွေ အခက်အခဲ အများအပြားနဲ့ ရင်ဆိုင်နေရဆဲပဲလို့ သိရပါတယ်။

လောလောဆယ် ဘတ်စ်ကားလိုင်းတွေရဲ့ စည်းကမ်းပိုင်းကို အာဏာပိုင်တွေဘက်က ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေတယ် ဆိုပေမယ့် ခရီးသည်တွေကတော့ သွားလာရေးမှာ အခက်အခဲ ကြုံနေရဆဲ ဖြစ်ပါတယ်။

ဘတ်စ်ကား စီးနင်းသူတွေ အဆင်ပြေစေဖို့ ရည်ရွယ်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အစီအစဉ်နဲ့ အခုလို ပြုပြင် ပြောင်းလဲခဲ့ပေမယ့် ကားစောင့်ရတဲ့ ပြဿနာ ၊ ပြိုင်မောင်းတဲ့ ယာဉ်မောင်း တွေနဲ့ ရိုင်းပျတဲ့ ယာဉ်နောက်လိုက်တွေ ရဲ့ ဆက်ဆံမှု တွေ ၊ ယာဉ်စီးခ ပိုကုန်ကျတာနဲ့ အဆင့်ဆင့် ပြောင်းစီးရတဲ့အ ခက်အခဲတွေ ဆက်ရှိ နေတယ်လို့ ခရီးသည်တွေ က ပြောပါတယ်။

ယာဉ်လိုင်း ကုမ္ပဏီတွေအနေနဲ့လည်း ယာဉ်လိုင်း ပြေးဆွဲရာမှာ အခက်အခဲတွေ ရှိနေပြီး YBS စနစ်ဟာ လက်တွေ့မှာ လိုအပ်ချက် အများကြီး ရှိတယ်လို့ ပြောပါတယ်။

ရန်ကုန်တိုင်း အစိုးရ သယ်ယူ ပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင် က သူတို့အနေနဲ့ နေ့စဉ် ပြန်လည် သုံးသပ်နေပြီး လိုအပ်ချက်တွေ ကို ပြုပြင် သွားမယ်လို့ ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ