ဦးကိုနီအမှု ဖော်ထုတ်ဖို့ ရှေ့နေတွေ တောင်းဆို

  • 19 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် NYEIN CHAN NAING
Image caption အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး

ရှေ့နေကြီး ဦးကိုနီ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်သူတွေကို ဖမ်းမိထားပေမယ့် ပြည်သူတွေက ဒီအမှုနဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန်နဲ့ အမြန်ဖော်ထုတ်ဖို့ လိုလားနေကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောဆိုလိုက်ပါတယ်။

ဦးတင်ဦးဟာ မြန်မာနိုင်ငံ ရှေ့နေများ ကွန်ယက်က ကျင်းပတဲ့ ဦးကိုနီအတွက် ဝမ်းနည်းဂုဏ်ပြုခြင်း အခမ်းအနားမှာ အခုလို ပြောခဲ့တာပါ။

ဒီအမှုမှန်ပေါ်ဖို့ နှောင့်နှေးနေတဲ့အတွက် ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အမှန်အတိုင်း မြန်မြန် ပေါ်ပေါက်ဖို့ လိုနေကြောင်း မြန်မာနိုင်ငံ ရှေ့နေများ ကွန်ယက်က ရှေ့နေတွေက ဒီအခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

ရှေ့နေတွေက ဒီအမှုကို အင်းစိန်ထောင်ဝင်းထဲက အထူးတရားရုံးမှာ အစောင့်အကြပ်နဲ့ စစ်ဆေးဖို့၊ သတင်းသမားတွေ ရှေ့မှာ ပွင့်လင်းမြင်သာအောင် စီရင်ဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ