အပစ်မရပ်သေးတဲ့ အဖွဲ့တွေ ဝမှာတွေ့

  • 21 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် STRINGER
Image caption အပစ်ရပ်စဲရေးယူဖို့ ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင်တွေကို တောင်းဆိုခဲ့

တနိုင်ငံလုံး အတိုင်းတာနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်မထိုးရသေးတဲ့ မြန်မာပြည် မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေဟာ တတိယ အကြိမ်မြောက် အဖြစ် ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ UWSP ဌာနချုပ် ရှိတဲ့ ပန်ခမ်းမှာ သီးသန့် တွေ့ဆုံနေပါတယ်။

ဖေဖေါ်ဝါရီ ၂၂ ရက်ကနေ ၂၄ ထိ ကျင်းပနေတဲ့ ပန်ခမ်းညီလာခံမှာ ဝ ၊ မိုင်းလား၊ ကချင်၊ တအာင်းပလောင်၊ ကိုးကန့် ၊ ရခိုင်တပ်မတော်၊ ရှမ်းပြည် တိုးတက်ရေးပါတီ စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေ ရောက်နေပြီ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို ကရင်နီနဲ့ မွန်ပြည်သစ် ပါတီ တက်မတက် မသိရသေးဘူးလို့ သိရပါတယ်။

ဒီညီလာခံမှာ ၂၁ ရာစု ပင်လုံ ညီလာခံကို ဘယ်လို သဘောထားမလဲ နဲ့ အပစ်ခတ် ရပ်စဲရေး ကိစ္စတွေကို ဆွေးနွေးဖြစ်မယ် လို့ TNLA တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်ရဲ့ အထွေထွေ အတွင်းရေးမှူး တာ့ဘုန်းကျော်က ပြောပါတယ်။

ဝ အဖွဲ့တွင်းက ခေါင်းဆောင်ပိုင်း ဆိုင်ရာ အပြောင်းအလဲ ကိစ္စတွေ ဆွေးနွေးမလား ကိုတော့ မသိသေးဘူးလို့ ဆိုပါတယ်။

ဒီဆွေးနွေးပွဲကို တရုတ်ဘက်က တက်ဖို့ မရှိဘူးလို့လည်း ဆိုပါတယ်။

ဒီညီလာခံမှာ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေ အနေနဲ့ လက်မှတ်ထိုးရေး မထိုးရေးကို အဓိက ပြောဆိုကြမှာ မဟုတ်ဘဲ ကာကွယ်ရေး ဦးစီးချုပ်၊ ဒေါ်အောင်ဆန်း စုကြည်တို့နဲ့ သီးခြားတွေ့ပြီးမှသာ ဆုံးဖြတ်နိုင်မယ်လို့ TNLA အထွေထွေ အတွင်းရေးမှူးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ