အမှုမှန် ဖော်ထုတ်ဖို့ ဖိအားပေးရင် ရင်ကြားစေ့ရေးကို ထိခိုက်နိုင်သလား

  • 23 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် AP
Image caption အမျိုးသား လွှတ်တော်က NLD နဲ့ တပ်မတော်သား ကိုယ်စားလှယ်များ

NLD ပါတီ ဥပဒေအကြံပေး ရှေ့နေကြီး ဦးကိုနီလုပ်ကြံခံရတာ အခုဆို တစ်လနီးပါး ရှိလာပါပြီ။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ တစ်လပြည့် အခမ်းအနားလုပ်ဖို့ ရှိပါတယ် ။

အဲဒီ အခမ်း အနားကိုဒေါ်အောင်ဆန်း စုကြည်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့ တက်ရောက်မှာ ဖြစ်ပါတယ် ။

ဦးကိုနီကို သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး လူ နှစ်ယောက်ကို ဖမ်းထားပေမဲ့ သံသယ ရှိသူ တပ်မတော် အရာရှိ ဟောင်း တစ်ယောက် ကတော့ လွတ်မြောက် နေပါ သေးတယ်။

ဦးကိုနီ အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော်ပိုင်းမှာ ပြောဆို ဆောင်ရွက်တာ မရှိဘူးလို့ ဝေဖန်မှု တွေရှိနေ ပေမဲ့ လွှတ်တော်မှာ ထူးထူး ခြားခြား အဆိုပြု တင်ပြ လာတာတွေ မရှိသေးဘူးလို့ ပြည်သူ့ လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောပါတယ်။

အမှုမှန် ဖော်ထုတ်ရေးမှာ အစိုးရကို ဖိအား ပေးရင် ရင်ကြားစေ့ရေးကို ထိခိုက်မှာ စိုးရိမ်ရတယ်လို့ လည်း သူက ပြောပါတယ်။

ဒီလိုပြောရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ဦးခင်မောင်ဝင်းကို ဘီဘီစီက မေးကြည့် ရာမှာ ဦးကိုနီဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ပြင်းပြင်း ထန်ထန် ကြိုးပမ်းခဲ့ပြီး တပ်မတော် အပါအဝင် အစိုးရ အဆက်ဆက်နဲ့ ပတ်သက်လို့ လည်း နက်နက် ရှိုင်းရှိုင်း ဝေဖန် ထောက်ပြ တာတွေ ရှိခဲ့လို့ တဘက်က ခံစားမှုတွေ ရှိကောင်း ရှိနေနိုင်တယ်လို့ ပြောပါတယ်။

ဒါကြောင့် အခုလို အချိန်မှာ ဆင်ဆင်ခြင်ခြင် ကိုင်တွယ်တာက ပိုမှန်ကန်တယ်လို့ ထင်ကြောင်း သူက ဆက်ပြောပါတယ်။

အမှုအခင်း တွေကို အရေးယူနိုင်မှုမှာ အရင်ကထက် အားနည်းပြီး လုံခြုံရေးကို ကြိုတင် ပြင်ဆင် တာထက် အမှု အခင်း ဖြစ်မှ နောက်ကနေ လိုက် နေရတဲ့ အခြေ အနေ ဖြစ်နေတယ်လို့ ဦးခင်မောင်ဝင်းက ပြောပါတယ်။

အမှုအခင်းတွေကို ဖော်ထုတ် အရေးယူ နိုင်ခြင်းမရှိဘဲ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ကိုင်တွယ် နိုင်မှုလည်း အားနည်းတယ်လို့ သူက သုံးသပ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ