ကျောင်းသားသမဂ္ဂ ဆောက်နေမှု ရပ်ဆိုင်း

  • 27 ဖေဖော်ဝါရီ 2017
Image caption အဆောက် အဦး သစ်တစ်ခု ဆောက်နေတာကို ရပ်ဆိုင်း လိုက်ပေမယ့် ဗကသ က ဦးဆောင်ပြီး တနင်္လာနေ့ ညနေ (၆)နာရီခွဲ လောက်မှာ ကန့်ကွက် ဆန္ဒပြ ခဲ့ကြ

ရန်ကုန် တက္ကသိုလ်ဝန်း အတွင်းက ဒိုင်းနမိုက်နဲ့ ဖြိုချ ဖျက်စီး ခံခဲ့ရတဲ့ ကျောင်းသား သမဂ္ဂဟောင်း နေရာမှာ အဆောက် အဦး သစ်တစ်ခု ဆောက်လုပ်တာကို ခေတ္တ ရပ်ဆိုင်း ထားလိုက်ပြီ ဖြစ်တယ်လို့ ထုတ်ပြန်ပေမယ့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ အဖွဲ့ ကနေ ဦးဆောင်ပြီး တနင်္လာနေ့ ညနေ (၆)နာရီခွဲ လောက်မှာ ကန့်ကွက် ဆန္ဒပြ ခဲ့ကြ ပါတယ်။

ကန့်ကွက် မှုတွေ ရှိနေတဲ့ ကြားကပဲ ရန်ကုန် တက္ကသိုလ် ဝင်းထဲက တက္ကသိုလ် ကျောင်းသာ သမဂ္ဂ အဆောက် အဦး နေရာမှာ အဆောက် အဦးသစ် တစ်ခုကို အုတ်မြစ်ချ ဆောက်လုပ်ဖို့ ပြင်ဆင် နေကြတာ ဖြစ်ပါတယ်။

ဒီအတွက် ကျောင်းသား သမဂ္ဂ အဖွဲ့တွေနဲ့ သမဂ္ဂ အဆောက် အဦး ပြန်လည် တည်ဆောက်ရေး ကော်မတီ ဖွဲ့စည်းရေး အဖွဲ့က ကန့်ကွက်ခဲ့ အပြီးမှာတော့ အဆောက် အဦး ဆောက်လုပ်မှုကို ခေတ္တ ရပ်ဆိုင်းပေးဖို့ ရန်ကုန်တိုင်းအစိုးရက သဘောတူခဲ့ ပါတယ်။

တ-က-သ အဆောက် အအုံ ပြည်လည် တည်ဆောက်ရေး ကော်မတီ ဖွဲ့စည်းရေး အဖွဲ့မှာပါတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦဉာဏ်ဝင်း ကတော့ အခု ဆောက်လုပ်မှုဟာ တကသ သမဂ အဆောက် အဦး ဆောက်ရေး ကော်မတီ အဖွဲ့ ရုံးခန်း အတွက် ဆောင်လုပ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

လောလောဆယ် သမဂ္ဂဟောင်း နေရာမှာ ဆောက်လုပ်ရေး လုပ်ငန်တွေ ရပ်ထား ပေမယ့် ဘယ်လောက်ကြာ ရပ်ဆိုင်း မလဲ ဆိုတာ ကိုတော့ သဘောတူ ထားတာ မရှိဘူးလို့ ဦးဉာဏ်ဝင်းက ဆက်ပြော ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ကဦးဆောင်ပြီး လူ (၁၀၀) လောက်ဟာ ရန်ကုန်တက္ကသိုလ်ဝင်းထဲက တကသ အဆောက်အဦး နေရာဟောင်း မှာ ဖယောင်းတိုင်တွေ ထွန်းပြီး အဆောက် အဦး သစ် ဆောက်လုပ် တာကို ကန့်ကွက်ကြောင်း ဆန္ဒ ဖော်ထုတ် ခဲ့ကြ ပါတယ်။

အခုလို တကသ အဆောက် အဦး ပြန်လည် တည်ဆောက်ရေး ကော်မတီ အဖွဲ့ ဖွဲ့ဖို့ ပြင်ဆင် နေချိန်မှာ ဒီနေရာမှာ အလျင်စလို အဆောက် အဦး ဆောက်တဲ့ အမှားမျိုးကို လက်ခံနိုင်စရာ မရှိဘူးလို့ ဗကသ ဗဟိုလုပ်ငန်း ကော်မတီ အဖွဲ့ဝင် ကိုအောင်ထက်အောင် ကပြောပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကတော့ တကသ အဆောက် အဦးကို လာမယ့် မတ်လ ကနေ စပြီး တစ်နှစ်အတွင်း အပြီး တည်ဆောက်မယ်လို့ ပြောထားပါတယ်။

လောလောဆယ်မှာ တ-က-သ အဆောက်အအုံ ပြည်လည်တည်ဆောက်ရေး ကော်မတီ ဖွဲ့ဖို့ အဖွဲ့ ဖွဲ့ထားပြီး ဒီမှာ ရန်ကုန်တိုင်း အစိုးရ ဝန်ကြီးတွေ အပါ အဝင် အန်လ်ဒီပါတီ ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်း၊ ၈၈ မျိုးဆက် ပွင့်လင်းလူ့ အဖွဲ့အစည်းက ကိုမြအေး နဲ့ ကျောင်းသား သမဂ္ဂအဖွဲ့တွေ ဦးဆောင်ပါဝင်ပါတယ်။

ဒီအဖွဲ့ဟာ မနက်ဖြန်မှာ အစည်းအဝေးလုပ်ပြီး တကသ အဆောက်အအုံတည်ဆောက်ရေး ကော်မတီကို ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ (၁၉၆၂) ခုနှစ်က ဒိုင်းနမိတ်နဲ့ ဖြိုချဖျက်ဆီးခဲ့တဲ့ ရန်ကုန်တက္တသိုလ် ကျောင်းသား သမဂ ကို ခေတ်အဆက်ဆက် ကျောင်းသား တွေ အမှတ်တရ သိရှိနေစေဖို့ အဆောက် အဦး နေရာမှာ ပြန်မဆောက်ပဲ ထားဖို့ ပြောဆိုတာတွေ ရှိသလို အဆောက် အဦးကိုလည်း ကျောင်းသားသမဂ္ဂအားလုံး သဘောတူညီချက်နဲ့ ဆောက်သင့်တယ်ဆိုပြီး ပြောဆိုတာတွေလည်း ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ