UNFCနဲ့ ဒေါ်အောင်ဆန်းစုကြည် မတ်လ၁ရက်နေ့ တွေ့မယ်။

  • 1 မတ် 2017
Image caption UNFC ဘက်က သူတို့ရဲ့ အဆိုပြုချက်တွေကို အဓိကထား ဆွေးနွေးမယ်လို့ ဆို

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ရဲ့ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ DPN နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဟာ ဒီကနေ့ တွေ့ဆုံကြဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့ မိန့်ခွန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ယုံယုံကြည်ကြည်နဲ့ NCA တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီး မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယအကြိမ်တွေ့မယ့် ဒီဆွေးနွေးပွဲမှာ UNFC က သူတို့ရဲ့ အဆိုပြုချက် အခြေခံမူ ၈ချက်ကို အဓိကထား ဆွေးနွေးသွားဖို့ ပြင်ဆင်ထားပါတယ်။

ငြိမ်းချမ်းရေး ကော်မရှင် အကြံပေး အဖွဲ့၀င် ဦးအောင်စိုးက ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ အချိန်တိုတိုနဲ့ မပြီးမြောက်နိုင်ကြောင်း နှစ်ရှည်ခရီး ဖြစ်တဲ့အတွက် တွေ့ဆုံမှုများလေလေ တဖြည်းဖြည်းနဲ့ အောင်မြင်မှု ရလာနိုင်မယ်လို့ ယုံကြည်ကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမြင့်ဆုံး ဆုံးဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က လိုချင်တာကို တင်ပြနိုင်ရင် အဖြေထွက်လာမယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ