NCA လက်မှတ်မထိုး အဖွဲ့တွေနဲ့ ဒေါ်စုတွေ့ဆုံ

  • 1 မတ် 2017
ဓာတ်ပုံ မူပိုင် MOI facebook
Image caption DPN ကိုယ်စားလှယ်ထဲမှာ KIO ကိုယ်စားလှယ်တစ်ဦးမှ မပါဝင်ပဲ KNPP -SSPP နဲ့ မွန်ပြည်သစ် ပါတီက ကိုယ်စားလှယ်တွေ သာ လာရောက်ပြီး ဆွေးနွေး

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ (DPN) ကိုယ်စားလှယ် တွေဟာ ဗုဒ္ဓဟူးနေ့က နေပြည်တော် NRPC ရုံးမှာ ၂ နာရီ နီးပါး တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

ဆွေးနွေး ပွဲမှာ DPN ကိုယ်စားလှယ် ထဲမှာ KIO ကိုယ်စားလှယ် တစ်ဦးမှ မပါဝင်ပဲ KNPP -SSPP နဲ့ မွန်ပြည်သစ် ပါတီက ကိုယ်စားလှယ်တွေ သာ လာရောက်ပြီး ဆွေးနွေး တာ ဖြစ်ပါတယ်။

KIO ကိုယ်စားလှယ် တွေ မပါဝင်တာနဲ့ ပတ်သက်လို့ ရှင်းရှင်း လင်းလင်း မပြောပေမဲ့ ပြီးခဲ့တဲ့ လပိုင်း ကတော့ ပြည်နယ် လွှတ်တော်မှာ KIO အဖွဲ့ အပါ အဝင် မြောက်ပိုင်းလေးဖွဲ့ကို အကြမ်းဖက် အဖွဲ့ အစည်း အဖြစ် သတ်မှတ်ဖို့ ဆွေးနွေး တာတွေရှိ ပါတယ်။

၂ နာရီကြာ ဆွေးနွေးတဲ့ ပွဲဟာ တိုးတက်မှုရှိတယ် လို့ DPN အဖွဲ့ ခေါင်းဆောင် ခူးဦးရယ်က သတင်းထောက် တွေကို ပြောပါ တယ်။

ဒီ ဆွေးနွေးပွဲမှာ တိုးတက်မှု ရှိပေမယ့် လည်း NCA လက်မှတ် ထိုးဖို့ ကိစ္စ ကတော့ ဆက်လက် ဆွေးနွေး စရာ ကျန်းသေး တယ် လို့လည်း ပြောပါတယ်။

NCA လက်မှတ်ထိုးဖို့ အတွက် အစိုးရနဲ့ ညှိနှိုင်းလို့ မရသေးတဲ့ အချက်တွေနဲ ပတ်သက်လို့ လည်း ခူးဦးရယ်က ရှင်းပြပါတယ်။

ပစ်ခတ် တိုက်ခိုက်မှု စောင့်ကြည့်ရေး ပူးတွဲ ကော်မတီမှာ နိုင်ငံတကာ အဖွဲ့ အစည်း တွေ ပါဝင်ရေးကို တပ်မတော် ဘက်က သဘော မတူ ပါ။

ညှိနှိုင်းဖို့ ကျန်ရှိတဲ့ အချက်တွေကို မတ်လ ၃ ရက်နေ့မှာ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ဆက်လက် ဆွေးနွေးဖို့ရှိ ပါတယ်။

အခု ဆွေးနွေးပွဲမှာတော့ ၂၁ ရာစု ပင်လုံ ညီလာခံ ဒုတိယ အကြိမ် အစည်းအဝေး တက်ရောက်ဖို့ ဆွေးနွေးတာ မရှိသလို မကြာခင်က ကျင်းပတဲ့ ပန်ခမ်း ညီလာခံ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့လည်း ဆွေးနွေးတာ မရှိဘူးလို့ ပြောပါတယ်။

UWSA က ဦးစီး ကျင်းပတဲ့ ပန်ခမ်း ညီလာခံမှာ အစိုးရနဲ့ ဆွေးနွေးပွဲမှာ NCA အတိုင်း ဆက်မသွားဖို့ ကြေငြာချက် ထုတ်ပေမဲ့ UNFC အနေနဲ့ တော့ NCA လမ်းကြောင်း အတိုင်း ဆက်လက် ဆွေးနွေး သွားဖို့ ရှိတယ်လို့ ခူးဦးရယ် ကပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ