ကြားဖြတ်ရွေးကောက်ပွဲ ကို စိတ်ဝင်စားမှု လျော့ကျ

  • 5 မတ် 2017
ဓာတ်ပုံ မူပိုင် UEC
Image caption မဲပေးနိုင်တဲ့ လူဦးရေ သုံးသန်း လောက် ရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို မဲဆန္ဒရှင်တွေရဲ့ စိတ်ဝင် စားမှု အတော်နည်းနေတာဟာ စိုးရိမ်စရာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာတဲ့ အရပ်ဖက် အဖွဲ့အစည်းတချို့က ထုတ်ဖော် ပြောဆိုပါ တယ်။

အရပ်ဖက်အဖွဲ့အစည်း၁၂ ဖွဲ့ ပူးပေါင်း ပါဝင်တဲ့ ရွေးကောက်ပွဲမူဘောင် ပြုပြင် ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ERCB) က ထောက်ပြ ပြောဆိုတာ ဖြစ်ပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့ လူဦးရေ သုံးသန်း လောက် ရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာမှ မဲစာရင်း လာရောက် ကြည့်ရှု သူ သုည ဒဿမ ခြောက်တစ် ရာခိုင်နှုန်း ပဲ ရှိပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲ မှာ မဲပေးမှု နည်းပါး မှာ ကို စိုးရိမ်လို့ အခုလို ထုတ်ပြန်တာ ဖြစ်ကြောင်း ERCB မှာ ပါဝင်တဲ့ ငြိမ်းချမ်းမျှတလူမှုအဖွဲ့အစည်းက အမှုဆောင် ဒါရိုက်တာ ဒေါ်ရွှေရည်ဝင်းကို က ပြောပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့ မဲပေး နိုင်မှု စာရင်း က မှားယွင်းမှု ရှိရင် အခုချိန်မှာ ပြုပြင် ပြောင်းလဲ လို့ ရအောင် လျှောက်ထား နိုင်မှာ ဖြစ်ပေမယ့် ဧပြီလ ၁ ရက်နေ့ မဲပေးတဲ့ အချိန်မှာ တော့ ပြန်လည် ပြင်ဆင် ခွင့် ရရှိမှာ မဟုတ်ပါဘူး။

ကြားဖြတ် ရွေးကောက်ပွဲ ကို စိတ်ဝင်စားမှု နည်းပါးတာကို တွေ့ ရကြောင်း၊ အဲဒါ ကလည်း သက်ဆိုင်ရာ မဲဆန္ဒ နယ်တွေမှာသာ ရွေးကောက်ပွဲ ကျင်းပတာ ဖြစ်တဲ့ အတွက် လူစိတ်ဝင်စားမှု နည်းပါးတာ လည်း ဖြစ်နိုင်ပါတယ်။

၂၀၁၅ ခုနှစ် က ရွေးကောက်ပွဲ ထက် လူစိတ်ဝင်စားမှု နည်းပါး ခဲ့ပြီး လူတွေက အပြောင်းအလဲ ကို ရရှိပြီလို့ ထင်မြင် ယူဆ နေကြသလို၊ စားဝတ်နေရေး အတွက် လုံးပန်း နေရလို့လည်း ဖြစ်နိုင်တယ်လို့ ဒေါ်ရွှေရည်ဝင်း က ဆိုပါတယ်။

၂၀၁၅ မှာတုန်း က ရွေးကောက်ပွဲ မကျင်းပ နိုင်ခဲ့တဲ့ မိုင်းရှူး နဲ့ ကျေးသီး နယ်မြေ နှစ်ခု ဟာ အခု ကြားဖြတ် ကာလမှာ ရွေးကောက်ပွဲ ပြန်လည် ကျင်းပ နိုင်တာ ကိုတွေ့ရပါတယ်။

ပါတီစုံ ဒီမိုကရေစီ စနစ် ကို ကျင့်သုံး နေတာ ဖြစ်တဲ့ အတွက် သက်ဆိုင်ရာ ဒေသမှာ တိုင်းရင်းသား ကိုယ်စားပြုမှု ရရှိဖို့ အတွက် ကြားဖြတ် ရွေးကောက်ပွဲ ကလည်း အရေးကြီးပါတယ်။

အဓိက အရေးအကြီးဆုံး ကတော့ ကြားဖြတ် ရွေးကောက်ပွဲ ဟာ သေးငယ်တယ် ဆိုသော်ငြားလည်း နိုင်ငံသား အခွင့်အရေး ကို မီးမောင်း ထိုးပြတဲ့ ကိစ္စ ဖြစ်တာ ကြောင့် သက်ဆိုင်ရာ နယ်မြေမှာ အမှန်တကယ် အလုပ် လုပ်သူ ကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။

ပါတီတွေ ဘက်ကလည်း မဲဆွယ် စည်းရုံးတဲ့ အချိန်မှာ ဆန္ဒမဲရရှိ ဖို့ တိုက်တွန်း တာထက် မဲပေးသူတွေကို ပညာပေး တဲ့ ကိစ္စ တွေပါ ထည့်သွင်း ပြောကြား သင့်ကြောင်း အရပ်ဖက် လူမှု အဖွဲ့အစည်းတွေက တိုက်တွန်းနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ