#လေသန့်ရှူခွင့် အတွက် ရန်ကုန်မြို့ပေါ်က အမြင်

  • 6 မတ် 2017

ရန်ကုန်မြို့မှာ လေထုညစ်ညမ်းမှုလျှော့ချနိုင်ဖို့ဆိုရင် မီးခိုးထွက်များတဲ့ ကားတွေကို လျှော့ချသင့်တဲ့အပြင် ဖုန်မှုန့်တွေ လျှော့ချနိုင်ဖို့နဲ့ အမှိုက်စွန့်ပစ်မှုတွေကို စနစ်တကျလုပ်ဆောင်သင့်တယ်လို့ မြို့ခံတချို့က ပြောပါတယ်။

လေထုညစ်ညမ်းမှုပြဿနာဟာ ကမ္ဘာတ၀န်း ကြီးထွားလာနေပြီး လေထုညစ်ညမ်းမှုကတဆင့် ရောဂါဖြစ်ပွားတာ၊ သေဆုံးတာတွေက စိုးရိမ်စရာ အနေအထားမှာရှိပါတယ်။

ဒါကြောင့် လေထုညစ်ညမ်းမှု လျှော့ချနိုင်ဖို့နဲ့ပတ်သက်ပြီး အထူးရက်သတ္တပတ်အဖြစ် ဘီဘီစီကနေ ကမ္ဘာတလွှားမှာရှိတဲ့ ပရိသတ်တွေကို လေထုညစ်ညမ်းမှုလျှော့ချနိုင်အောင် ဘာလုပ်သင့်လဲလို့ မေးမြန်းပြီး တင်ဆက်နေပါတယ်။

ရန်ကုန်မြို့က လူတချို့ရဲ့ အမြင်တွေက …

သရုပ်ဆောင် ဦးအောင်ကြီးရဲ့ သူ့အမြင်

ဒေါ်ကြည်ကြည်လွင်က သူ့အမြင်ကို အခုလို ရေးပြထားပါတယ်။

နန်းမေမျိုးအောင်ရဲ့ အမြင်

မြန်မာနိုင်ငံမှာ လေထုညစ်ညမ်းမှု လျှော့ချနိုင်အောင် ဘာလုပ်သင့်သလဲဆိုတဲ့ ကိုယ့်အမြင်တွေကို Comment မှာပဲ ဖြစ်ဖြစ်၊ ဒီပုံတွေမှာလို ကိုယ့်ဓာတ်ပုံ စာတမ်းနဲ့ပဲဖြစ်ဖြစ် ဘီဘီစီကို ပေးပို့နိုင်ပါတယ်။

ဖေ့စ်ဘုတ်၊ တွစ်တာ၊ အင်စတာဂရမ်မှာ ပို့စ်တွေ တင်တဲ့အခါ #လေသန့်ရှူခွင့် ဆိုတာကို ပူးတွဲပြီး တင်ပေးစေလိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ