ကချင်တွေနဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တယ်ဆိုတဲ့ ပြစ်မှုတွေအကြောင်း ကြားနာပွဲ ကျင်းပ

  • 7 မတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption KIA ထိန်းချုပ်နယ်မြေတွေက ဒုက္ခသည်စခန်းတွေဆီ အထောက်အပံ့တွေ မပေးနိုင်အောင် အစိုးရတပ်က ပိတ်ဆို့ထားတယ်လို့ ကချင်သက်သေတွေ ထွက်ဆိုခဲ့

ရိုဟင်ဂျာနဲ့ ကချင်တွေအပေါ် မြန်မာနိုင်ငံ အစိုးရက ကျူးလွန်တယ် ဆိုတဲ့ ပြစ်မှုတွေအကြောင်း သက်သေ ထွက်ဆိုချက်တွေကို ရောမမြို့ အခြေစိုက် Permanent People Tribunal ခုံရုံးက ကြားနာ စစ်ဆေးတဲ့ ပွဲတခုကို လန်ဒန်မြို့ Queen Mary တက္ကသိုလ်မှာ မတ်လ ၆ရက်နေ့ကနေ ၇ရက်နေ့ အထိ နှစ်ရက်ကြာ ကျင်းပနေပါတယ်။

ကချင်ပြည်နယ်မှာ အမျိုးသမီးတွေအပေါ် အဓမ္မ ပြုကျင့်တာကို စစ်လက်နက်အဖြစ် အသုံးပြုနေသလိုKIA ထိန်းချုပ်နယ်မြေတွေမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေကို ကယ်ဆယ်ရေးအထောက်အပံ့တွေ မပေးနိုင်အောင် ပိတ်ဆို့ထားတယ် ဆိုပြီး ကချင်သက်သေတွေက ထွက်ဆိုခဲ့ကြပါတယ်။

အလားတူပဲ ဒီကြားနာပွဲမှာ ရိုဟင်ဂျာတွေကလည်း သူတို့အပေါ် လူ့အခွင့်အရေး ကျူးလွန်ခံရတယ် ဆိုတဲ့ ထွက်ချက်တွေ ပေးခဲ့ပါတယ်။

Webcast ကနေ တိုက်ရိုက် ထုတ်လွှင့်တဲ့ ဒီကြားနာပွဲကို လန်ဒန်မှာရှိတဲ့ ပါမောက္ခတွေအပြင် မလေးရှားက လူ့အခွင့်အရေး အကျိုးဆောင်အဖွဲ့လည်း တက်ရောက် သက်သေ ထွက်ဆိုခဲ့ကြပါတယ်။

တွေ့ရှိချက်တွေကို မတ်လ ၇ရက်နေ့မှာ ဂျူရီလူကြီးတွေက ဆုံးဖြတ်ပြီး နိုင်ငံတကာ ခုံရုံးတွေကို ဆက်လက်တင်ပြမယ်လို့ သိရပါတယ်။