အရှေ့မြောက်ဒေသ တိုက်ပွဲကြောင့် တရုတ်ဘက် လူထောင်ချီ ထွက်ပြေး

  • 7 မတ် 2017
Image caption လောက်ကိုင် တိုက်ပွဲတွေ ပေါ်ပေါက် လာပြန်

မြန်မာနိုင်ငံ အရှေ့မြောက် ဒေသ၊ လောက်ကိုင် မြို့မှာ တိုက်ပွဲတွေ ဆက်လက် ရှိနေဆဲ ဖြစ်တယ်လို့ ၊ တရုတ်နယ်စပ်ဘက် ရှောင်တိမ်း ထွက်ပြေး လာကြသူတွေက ပြောပါတယ်။

တရုတ်ဘက်ကို ရောက်လာတဲ့ စစ်ဘေးရှောင် ဒုက္ခသည် တွေ အရေအတွက် ထောင်နဲ့ချီ ရှိနေပြီ ဖြစ်ပြီး၊ စားရေး သောက်ရေး အတွက် အစီအစဉ် အတိတကျ မရှိ ဖြစ်နေရတယ် လို့လည်း ဆိုပါတယ်။

လောက်ကိုင်ကနေ နယ်စပ်ဘက် မဟုတ်ပဲ၊ ရှမ်းပြည်နယ် အတွင်းဘက် ထွက်ပြေး လာသူတွေ အတွက်တော့ လားရှိုးမှာ မြို့ခံတွေက ဒုက္ခသည် စခန်း ဖွင့်ပေး ထားပြီး၊ အောက်ပြည် အထိ ပြန်ချင် သူတွေကိုလည်း အကူအညီ ပေးနေတယ်လို့ သိရပါတယ်။

မတ်လ ၇ ရက်၊ အင်္ဂါနေ့ အထိ လောက်ကိုင်က ပြေးလာသူတွေ အယောက် ၃၀၀ ကျော် လားရှိုးကို ရောက်လာပြီး၊ အဲဒီသူတွေကို အောက်မန်ဆူ ဘုန်းကြီးကျောင်းက အကူအညီ ပေးနေတယ် လို့ ရှမ်းပြည်နယ် မြောက်ပိုင်း NLD ပါတီ ဥက္ကဌ ဦးစိုင်းမြင့်မောင်က ဘီဘီစီကို ပြောပါတယ်။

လောက်ကိုင် မြို့နဲ့ ပတ်ဝန်းကျင် ဒေသတွေကို မတ်လ ၆ ရက် ကပြီး ကိုးကန့်တပ် MNDAA က တိုက်ခိုက် လာတဲ့ အတွက် လုံခြုံရေး တပ်ဖွဲ့ဝင် တွေနဲ့ အရပ်သား တချို့ ထိခိုက် သေဆုံး ခဲ့ရတယ်လို့ အစိုးရက သတင်း ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ