မြန်မာနိုင်ငံသား အသိအမှတ်ပြု လက်မှတ် ထုတ်ပေး

  • 7 မတ် 2017
Image caption မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံက ငါးနဲ့ အထည်ချုပ် လုပ်ငန်းတွေမှာ အဓိက လုပ်ကိုင် နေကြတာ ဖြစ်ပါတယ်

ထိုင်း နိုင်ငံမှာ တရားမဝင် အလုပ်သမား အဖြစ်နဲ့ ရှိနေသေးတဲ့ သူတွေကို မြန်မာ နိုင်ငံ အစိုးရက အခု မတ်လ ၃ ရက်နေ့က စပြီး၊ မဲဆောက်မြို့ အပါ အ၀င်၊ ထိုင်းနိုင်ငံ ကနေရာ ၆ ခုမှာ CI certificate of idendity လို့ခေါ်တဲ့ မြန်မာ နိုင်ငံသား ဖြစ်ကြောင်း အသိ အမှတ်ပြု လက်မှတ် တွေကို ထုတ်ပေးနေ ပါတယ်။

CI လက်မှတ်တွေကို ထုတ်ပေးနေတာ ဟာ မြန်မာ နိုင်ငံသား မှတ်ပုံတင်နဲ့ သန်းခေါင် စာရင်း မရှိတာ ကြောင့် မြန်မာ နိုင်ငံကူး လက်မှတ် လုပ်မရလို့ ထိုင်းနိုင်ငံကို တရားမ၀င် လာပြီး အလုပ်လုပ်ကိုင် နေသူတွေ ဖြစ်ပါတယ်။

အဲဒီလို မြန်မာ အလုပ်သမားတွေကို ထိုင်းအစိုးရက ယာယီ လုပ်ကိုင် စားသောက်နိုင်အောင် တနှစ်ခံ ကတ်ပြားတွေကို ထုတ်ပေး ထား ပါတယ်။

အဲလို မြန်မာ အလုပ်သမားတွေ ထိုင်းနိုင်ငံ အနှံ့ အပြားမှာ ၃ သိန်း နဲ့ ၅ သိန်းကြားမှာ ရှိတယ်လို့ အခု CI လက်မှတ် လာထုတ် ပေးတဲ့ မြန်မာ အရာရှိတွေ ကပြောပါတယ်။

ဒီ လက်မှတ်တွေ ရလာရင် လက်ရှိ တနှစ်ခံ လက်မှတ် ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေ အတွက် အများကြီး အကျိုးရှိမယ်လို့ ထိုင်းနိုင်ငံမှာ အလုပ်သမား အရေး ဆောင်ရွက်နေတဲ့ ရောင်ခြည်ဉီး အဖွဲ့က ကိုဟိန်းက အပြောပါတယ်။

အခု ဒီ CI လို့ ခေါ်တဲ့ မြန်မာ နိုင်ငံသား ဖြစ်ကြောင်း အသိအမှတ် ပြုလက် မှတ်တွေကို ထိုင်းနိုင်ငံက မဲဆောက်၊ မယ်ဆိုင်၊ရနောင်း၊ ဆမွတ်တ်ရကန်၊ ဆမွတ်ဆားခေါ်န် နဲ့ မဟာချိုင် ခရိုင် ၂ နေရာ မှာ စတင် ထုတ်ပေး နေပြီ ဖြစ်ပါတယ်။

ဒီလက်မှတ် ရတဲ့ သူတွေဟာ လောလောဆယ် ထိုင်း နိုင်ငံက ၄ နှစ် အတွက် ဗီဇာပေးပြီး၊ အလုပ်လုပ် ခွင့် လက်မှတ်လည်း ထုတ်ပေး မှာ ဖြစ်ပါတယ်။

၄ နှစ် သက်တန်း ကုန်ရင်တော့ သူတို့ဟာ မြန်မာ နိုင်ငံ ကို ပြန်၊ နိုင်ငံကူး လက်မှတ် လုပ်ပြီး၊ အလုပ် သမား ငှားရမ်းရေး သဘောတူညီချက် အစီစဉ်နဲ့ ထိုင်း နိုင်ငံကို တရားဝင် ပြန်လာပြီး အလုပ် လုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ