မြန်မာ အမျိုးသမီးတွေ အိမ်တွင်း အကြမ်းဖက်မှုဒဏ် ပိုမို ဆိုးဆိုးရွားရွား ခံလာရ

  • 8 မတ် 2017

မြန်မာနိုင်ငံမှာ စစ်မက် ဆိုးကျိုး ၊ အလုပ်လက်မဲ့ ပြဿနာ၊ မူးယစ်ဆေးနဲ့ တခြား လူမှုဒုက္ခ တွေကြောင့် အမျိုးသမီးတွေရဲ့ ဘ၀လုံခြုံမှု ကင်းမဲ့လာနေပြီး အိမ်တွင်း အကြမ်းဖက်မှုဒဏ် ပိုမို ဆိုးဆိုးရွားရွား ခံလာရတယ်လို့ မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဘယ်လို ကိစ္စတွေက အမျိုးသမီးတွေ အပေါ် အိမ်တွင်း အကြမ်းဖက်မှု မြောက်စေပါသလဲ ။ အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံရဲ့ မူဝါဒ ရေးရာ ဉီးဆောင် အဖွဲ့၀င် လည်းဖြစ် ရခိုင် အမျိုးသမီး များ အစည်းအရုံး ရဲ့ ဒုဥက္ကဌ ဒေါ်စောစံ ငြိမ်းသူကို မေးကြည့်ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အိမ်တွင်း အကြမ်းဖက်မှု ပြဿနာ ဘယ်လောက် များနေပြီလဲ