ရိုဟင်ဂျာတွေ ဆိုးဆိုးရွားရွား ပြုမူခံရ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရိုဟင်ဂျာတွေကို လုံခြုံရေးတပ်တွေ ဆိုးဆိုးရွားရွား ပြုမူ

  • 10 မတ် 2017

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က ပြုမူတဲ့ လုပ်ရပ်တွေဟာ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တယ်လို့ မြန်မာနိုင်ငံ လူ့ အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ တုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်း နယ်ခြားစောင့် ရဲစခန်းတွေ တိုက်ခိုက် ခံခဲ့ရ အပြီး အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက နယ်မြေ ရှင်းလင်းရေးတွေ ဆောင်ရွက် ခဲ့တာမှာ ရိုဟင်ဂျာ ရွာသားတွေ အယောက် ၇ သောင်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေး ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီထဲက ဒုက္ခသည်တချို့က သူတို့ရဲ့ အတွေ့အကြုံတွေကို ဘီဘီစီကို ပြောပြ ထားပါတယ်။

စိတ်အနှောင့်အယှက် ဖြစ်ဖွယ် ပုံရိပ်တွေ ပါဝင်ကြောင်း ကြိုတင် သတိပေး အပ်ပါတယ်။