ကြားဖြတ် ရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်မှာ အကြိတ်အနယ် မဲဆွယ်

  • 12 မတ် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ကြားဖြတ်ရွေးကောက်ပွဲအတွက် ရန်ကုန်မြို့မှာ NLD မဲဆွယ်စည်းရုံးနေပုံ

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တခြား ပြည်နယ်တိုင်းတွေမှာ လူစိတ်ဝင်စားမှု နည်းပေမယ့် ရှမ်းပြည်နယ်မှာတော့ နိုင်ငံရေး ပါတီတွေက မဲဆွယ်စည်းရုံးမှုတွေ အကြိတ်အနယ် လုပ်နေကြပါတယ်။

ရှမ်းပြည်နယ်ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် အများဆုံးယှဉ်ပြိုင်ရမယ့် ပြည်နယ်ဖြစ်ပြီး မဲဆန္ဒနယ် ၈ ခုမှာ နိုင်ငံရေးပါတီ ၁၀ ပါတီက ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

ဝင်ရောက် ယှဉ်ပြိုင်တဲ့ ပါတီတွေထဲမှာ အဓိက ပါတီကြီးတွေ ဖြစ်တဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLDနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့လို ပါတီကြီးတွေ အားပြိုင်ကြမှာ ဖြစ်သလို လူမျိုးစုကို ကိုယ်စားပြုတဲ့ ပါတီတွေလည်း ပါဝင်နေတဲ့အတွက် အကြိတ်အနယ် ရှိကြမှာပါ။

ဒီပါတီကြီးတွေထဲက SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက သူတို့အနေနဲ့ ပြည်သူ့ဖက်က ရပ်တည်ပြီး လုပ်ပေးမယ်၊ ပြည်သူ့အသံကို လွှတ်တော်ထဲ ရောက်အောင် ဖြည့်ဆည်းပေးမယ် ဆိုတာမျိုး ပြောပြီး မဲဆွယ် စည်းရုံးနေတာ ဖြစ်ပြီး ဒီကြားဖြတ် ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသက မဲဆန္ဒနယ်တွေမှာ အနိုင်ရဖို့ အပြည့်အဝ ယုံကြည် ထားတယ်လို့ မိုင်းရှုးမြို့နယ် ပြည်နယ်မဲဆန္ဒနယ်(၁)က ဝင်ရောက် ယှဉ်ပြိုင်မယ့် ဦးစိုင်းလင်းမြတ်က ဘီဘီစီကို ပြောပါတယ်။

အာဏာရ ပါတီကြီးဖြစ်တဲ့ NLD ပါတီအနေနဲ့ကတော့ ရှမ်းပြည်နယ်တောင်ပိုင်းက မဲဆန္ဒနယ်တွေမှာ အခြေအနေ ကောင်းပေမယ့် ရှမ်းပြည်နယ် အရှေ့ ပိုင်းနဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွေက မဲဆန္ဒနယ်တွေမှာတော့ ဘယ်လိုဖြစ်လာမလဲ ဆိုတာ မပြောနိုင်သေးဘူးလို့ ညောင်ရွှေမြို့နယ်ထဲမှာ စည်းရုံးရေး ဆင်းနေတဲ့ တောင်ကြီးမြို့နယ် NLD ဥက္ကဌ ကိုခွန်သန်းလွင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ