KIO အဖွဲ့ UNFC ကနေ ထွက်တော့မှာလား

  • 13 မတ် 2017
ဓာတ်ပုံ မူပိုင် Gam Maryip facebook
Image caption ကေအိုင်အို ခေါင်းဆောင်နဲ့ တခြား ယူအန်အက်ဖ်စီ အဖွဲ့ခေါင်းဆောင်တွေ အတူတွေ့ရစဉ်

လာမယ့် မတ်လ ၂၀ ရက်နောက်ပိုင်းနဲ့ ဧပြီလ မတိုင်ခင် ရက်ပိုင်း အတွင်း UNFC ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ် ကောင်စီ က ဒုတိယ အကြိမ် ညီလာခံ ကျင်းပဖို့ ရှိနေပါတယ်။

အဲဒီ ညီလာခံမှာ ဖွဲ့စည်းပုံ အပြောင်းအလဲ ၊ ခေါင်းဆောင်ပိုင်း နေရာ အပြောင်းအလဲတွေ ရှိနိုင်တယ်လို့ UNFC ဒုက္ကဌက ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြောထားပါတယ်။

လက်ရှိ အခြေအနေမှာတော့ KIO ကချင် လွတ်လပ်ရေး အဖွဲ့ အနေနဲ့ UNFC အဖွဲ့ထဲ ဆက်ရှိနေပြီး NCA လမ်းကြောင်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဆီ ရှေ့ရှု သွားဖို့ လုပ်နေတယ်လို့ ကေအိုင်အို အဖွဲ့ ပြောခွင့်ရသူ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။

တကယ်လို့ UNFC အဖွဲ့ထဲမှာ ဥက္ကဌ ရာထူးကို စွန့်လွှတ်ရရင် ကေအိုင်အို အနေနဲ့ အဲဒီ အဖွဲ့ထဲ ဆက်ရှိ နေ ၊ မနေ ဆိုတာနဲ့ ပတ်သက်လို့ UNFC ဒုတိယ အကြိမ် ညီလာခံ အပြီးကျမှ ဆုံးဖြတ်မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

လက်ရှိ ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတာနဲ့ ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ စစ်မက် ဖြစ်ပွားမှုတွေကို လိုလားသူတွေ မဟုတ်ဘဲ ၊ တပ်မတော်က တိုက်ခိုက်မှုတွေ ရပ်သွားမယ် ဆိုရင် တိုက်ပွဲသံတွေ တိတ်သွားမှာ ဖြစ်တယ်လို့ ဒု ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ