၂၀၁၇-၁၈ ဘတ်ဂျက်ကို ပြည်ထောင်စုလွှတ်တော် အတည်ပြု

  • 15 မတ် 2017
Image caption ပြည်ထောင်စုလွှတ်တော်က လာမယ့် ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ကို အတည်ပြု

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ကို ပြည်ထောင်စုလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးနဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေရဲ့ ဘတ်ဂျက်တွေကို ဝန်ကြီးဌာနတွေက တောင်းခံ တဲ့ ပမာဏအတိုင်း မဖြတ်မတောက်ပဲ အတည်ပြုလိုက်ပါတယ်။

ကျန်ဝန်ကြီးဌာနတွေအားလုံးကတော့ ဖြတ်တောက်တာ ခံခဲ့ကြရပါတယ်။

အစိုးရအဖွဲ့အနေနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ဖွံ့ဖြိုးရေး လုပ်ငန်း၊ ရုံးလုပ်ငန်းတွေအတွက် ကျပ်ငွေ ၂၀ ထရီလီယံတောင်းဆိုရာမှာ ၁၀ ရာခိုင်နှုန်း ဖြတ်တောက်ပြီး အတည်ပြုခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တောင်းခံတဲ့ ဘတ်ဂျက်ကို မဖြတ်တောက်တာကတော့ ခေတ်မီ တပ်မတော် တည်ဆောက်ရေး အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူဖို့ လိုအပ်လို့ မဖြတ်တောက်တာ ဖြစ်နိုင်တယ်လို့ ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ပြောပါတယ်။

စက်ပစ္စည်း အကြီးစားတွေ ဝယ်ယူဖို့ တင်ပြတာတွေကို အများဆုံး ဖြတ်တောက်ခဲ့ပြီး အရှုံးပေါ်နေတဲ့ အစိုးရပိုင် စက်ရုံတွေကိုလည်း ပိတ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ