ဖိနှိပ်မှု ရပ်ဖို့ သူနာပြုတွေ ဆန္ဒပြပြီ

  • 15 မတ် 2017
Image caption ဆူးလေ ဘုရားနား တဝိုက်ထိ ချီတက်လာတဲ့ သူနာပြုတွေ

သူနာပြုတက္ကသိုလ်ကနေ ဘွဲ့ရပြီးရင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန လက်အောက်မှာ ၃ နှစ် တာဝန် ထမ်းဆောင်ပြီးမှ သူနာပြု လိုင်စင်ထုတ်ပေးမယ်လို့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်လိုက်တဲ့အပေါ် သူနာပြုတက္ကသိုလ် ကျောင်းသူတွေက ပထမဆုံးအကြိမ် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ ကြပါတယ်။

ရန်ကုန် သူနာပြု တက္ကသိုလ်က ကျောင်းသူ ကျောင်းသား ၅၀ဝကျော်ဟာ သူနာပြု ရပ်ဝန်း ဖိနှိပ်မှု ရပ်ဆိုပြီး သူနာပြု တက္ကသိုလ်ကနေ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်အထိ ချီတက် ဆန္ဒပြခဲ့ ကြပါတယ်။

ပြီးတဲ့လဆန်းက အားကစားနဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ သူနာပြုတက္ကသိုလ် ကျောင်းသား သမဂ္ဂ က သူနာပြုကောင်စီ ထံကို စာတင်ထားပြီး ညှိနိုင်းဆွေးဖို့ ကမ်းလှမ်းပေမယ့် ခုချိန်ထိ အကြောင်းမပြန်လို့ ခုလို လမ်းပေါ်ထွက်ဆန္ဒပြရတာလို့ သူနာပြု တက္ကသိုလ် ကျောင်းသူ တယောက်က ပြောပါတယ်။

သူနာပြု တက္ကသိုလ် တက်ခွင့် ရဖို့ ဆိုတာ အမှတ်ကောင်းမှ တက်ခွင့်ရသလို အချိန်လေးနှစ်ပေးတက်ရပြီးမှ အလုပ်ခွင့်ဝင်ရတာဖြစ်လို့ ခုလိုတဖက်သတ် သတ်မှတ်လိုက်တာဟာ မဖြစ်သင့်ကြောင်း သူနာပြုတက္ကသိုလ် ကျောင်းသူ တွေက ပြောပါတယ်။

ခုနောက်ပိုင်း အစိုးရဆေးရုံမှာ အလုပ်လုပ်သူနည်းသလို အလုပ်ထွက်သူများလာလို့ ဒီအမိန့်စာထုတ်တာလို့ ဝါရင့် သူနာပြုဆရာမတွေက ဆိုပါတယ်။

အလုပ်မထွက်ဖို့ သူနာပြုဆရာမတွေကို နေဖို့အဆောင်စီစဉ်ပေးဖို့ လိုသလို လစာကလည်း အခြေခံအလုပ်သမားလစာနဲ့ မကွာတာမို့ အစိုးရအနေနဲ့ အစိုးရဆေးရုံတွေမှာ လုပ်ချင်တဲ့ သူနာပြုများလာအောင် ဆောင်ရွက်ပေးသင့်တယ်လို့ ဝါရင့်သူနာပြုဆရာမတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ