ကလေးလုပ်သား ပပျောက်ရေး ထိုင်းဥပဒေပြဋ္ဌာန်း

  • 16 မတ် 2017
Image caption ထိုင်းရောက် မြန်မာ ရွှေ့ပြောင်း လုပ်သားတွေ

ထိုင်းနိုင်ငံမှာ ကလေးအလုပ်သမား အသုံးပြုမှု ပပျောက်ရေး အတွက် ကလေးအလုပ်သမား အသုံးပြုတဲ့သူတွေကို ထိုင်းအစိုးရက အပြင်းအထန် အရေးယူတော့မှာ ဖြစ်ပါတယ်။

အရေးယူမယ့် ပုံစံက ၁၅ နှစ်အောက် ထိုင်းကလေးပဲဖြစ်စေ၊ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကလေးတွေပဲဖြစ်စေ၊ သူတို့ကို အလုပ်သမားအဖြစ် အသုံးပြုတဲ့သူတွေကို ထိုင်း ဘတ် ငွေ ၄ သိန်းကနေ ၈ သိန်းအထိ ဒဏ်ရိုက်ဖို့ ဥပဒေ ပြဋ္ဌာန်းလိုက် တာပါ။

တာ့ခ်ခရိုင် ၉ မြို့နယ်ထဲက စက်ရုံအလုပ်ရုံတွေ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ သိန်းကျော် အလုပ်လုပ်နေရာမှာ ကလေးအလုပ်သမား ၁၄ဝဝဝ လောက်ရှိမယ်လို့ အလုပ်သမား အရေး ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေက ခန့်မှန်းကြပါတယ်။

အထူးသဖြင့် စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေမှာ ကလေးတွေ အများဆုံး အလုပ်လုပ်နေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့က ကိုမိုးကြိုး က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က ကလေးမွေးဖွားတဲ့နှုန်း ကျဆင်းသွားတဲ့ အကျိုးဆက်ဟာ ကနေ့အလုပ်သမား ပြတ်လတ်ရတဲ့ အဓိက အကြောင်းတရပ်ဖြစ်သလို ထိုင်းနိုင်ငံက လက်ရှိအရွယ်ရောက်သူတွေ ကလည်း အန္တရာယ်ရှိတဲ့အလုပ်၊ ခက်ခဲတဲ့အလုပ်နဲ့ ညစ်ပေတဲ့အလုပ်သုံးမျိုးကို မလုပ်ကြတာကြောင့် နိုင်ငံခြားသားအလုပ်သမားတွေကို အသုံးပြုနေရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ