ကျောက်ဖြူမှာ စက်လှေမီးလောင်ပြီး ၆ ဦးသေဆုံး

  • 17 မတ် 2017
ဓာတ်ပုံ မူပိုင် Google
Image caption ဒီ စက်လှေဟာ နဂါးမော်မြစ်အတွင်းက စိုင်းခြုံရွာ နားမှာ မီးလောင်ခဲ့တာ ဖြစ်ပြီး မီးလောင်အပြီး နောက်ပိုင်း နစ်မြုပ်မသွားခဲ့ပဲ ကမ်းပေါ်တင် သွားခဲ့

မတ်လ ၁၇ ရက်နေ့ နေ့လည်ပိုင်းက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းက နဂါးမော်မြစ်အတွင်းမှာ ကုလားပါတောင် ရွာက ရှင်ပြုပွဲတခုကို သွားနေတဲ့ စက်လှေတစင်း မီးလောင်မှု ဖြစ်ခဲ့လို့ ကလေးငယ် ၂ ဦး အပါအဝင် လူ ၆ ဦး ရေထဲ ခုန်ချရင်း သေဆုံးခဲ့ရပါတယ်။

ဒီစက်လှေပေါ်မှာ လူ ၁၅ ဦး ပါလာခဲ့ပြီး အင်ဂျင်ခန်း မီးလောင်ရာကနေ ခရီးသည်တွေ ရှိတဲ့ဘက်ကို ကူးစက်ခဲ့တဲ့အတွက် ခရီးသည်တွေက ခုန်ချကြရာကနေ အမျိုးသမီး လေးဦးနဲ့ ကလေးငယ် ၂ ဦး သေဆုံးခဲ့ရတာလို့ ကျောက်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ဘီဘီစီကို ပြောပါတယ်။

ဒီ စက်လှေဟာ နဂါးမော်မြစ်အတွင်းက စိုင်းခြုံရွာ နားမှာ မီးလောင်ခဲ့တာ ဖြစ်ပြီး မီးလောင်အပြီး နောက်ပိုင်း နစ်မြုပ်မသွားခဲ့ပဲ ကမ်းပေါ်တင် သွားခဲ့တယ်လို့ သွားရောက်ကယ်ဆယ်သူတွေထဲမှာ ပါဝင်တဲ့ စိုင်းခြုံရွာက ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။

စက်လှေပေါ် ပါလာပြီး အသက်ရှင်ကျန်ရစ်သူ ၉ယောက်ကိုတော့ တပ်မတော် ရေတပ်က ကယ်တင်ခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် အတွင်း ရေကြောင်း ခရီးသွားလာမှုတွေမှာ ခုလို သေဆုံးမှုတွေ မကြာခဏ ဖြစ်ပေါ်နေတဲ့ အတွက် သက်ဆိုင်ရာက ပညာပေးမှုတွေနဲ့ အရေးတကြီး လုပ်ဆောင်မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ