လျော်ကြေးပေး ၊ အရည်ချင်းစစ် ဖြေပြီးရင် သူနာပြုလိုင်စင် ရနိုင်ပြီ

  • 17 မတ် 2017
Image caption ဖိနှိပ်မှု ရပ်ဖို့ သူနာပြုတွေ ဆန္ဒ ထုတ်ဖော်ခဲ့စဉ်

ကျန်းမာရေး နဲ့ အားကစား ဝန်ကြီးဌာနက သူနာပြု သားဖွား ကိစ္စရပ်များ နဲ့ ပတ်သက်တဲ့ သတင်း ကြေညာချက် တရပ် ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံ ဝန်ထမ်း အဖြစ် ၃ နှစ် တာဝန် ထမ်းဆောင်ပြီးမှ လိုင်စင်ထုတ်ပေးမယ် ဆိုတဲ့ မူကို မကျေနပ်လို့ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ သူနာပြုတွေနဲ့ ကျန်းမာရေး ၀န်ကြီး ဒေါက်တာ မြင့်ထွေးတို့ တွေ့ဆုံ ဆွေးနွေးပြီးနောက် အခုလို ကြေညာချက် ထွက်တာလာ ဖြစ်ပါတယ်။

၀န်ကြီးနဲ့ သဘောတူ ညှိနှိုင်းမှု အရ သူနာပြု ဒါမှမဟုတ် သားဖွား သင်တန်း တက်ထားပြီးသူ သို့မဟုတ် အစိုးရ အသိအမှတ်ပြု တက္ကသိုလ် တခုခု က ဘွဲ့ရပြီးသူ ဖြစ်ရင် ထိုက်သင့်တဲ့ လျော်ကြေးပေးကာ လိုင်စင် ရယူနိုင်ပြီ ဖြစ်ပါတယ်။

အခု သဘောတူညီချက် အရ အစိုးရ ၀န်ထမ်းအဖြစ် တာဝန် ထမ်းဆောင်မှု မရှိရင် လျော်ကြေးပေးကာ အရည်အချင်းစစ် စာမေးပွဲ ဖြေပြီး သွားရင် လိုင်စင် ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။

နိုင်ငံ့ ၀န်ထမ်း အဖြစ် ထမ်းဆောင်တဲ့ သူနာပြုနဲ့ သားဖွားတွေ အနေနဲ့တော့ လိုင်စင်ကို သူတို့လျှောက်ထားတဲ့ အချိန်မှာ တန်းထုတ်ပေးတော့မှာ ဖြစ်တယ်လို့ ၀န်ကြီးနဲ့ အစည်းအဝေးမှာ ကိုယ်တိုင် ရှိနေခဲ့တဲ့ မန္တလေး သူနာပြု တက္ကသိုလ်ဆင်း အောင်ချမ်းပြည့်က ပြောပါတယ်။

တကယ်လို့ သူနာပြု ကျင့်၀တ်နဲ့ မညီတာ ရှိရင်ဘဲ ဖြစ်ဖြစ် ၊ ပြစ်မှု ဥပဒေ တခုခုကို ကျူးလွန်ခဲ့ရင်ဘဲ ဖြစ်ဖြစ် ထုတ်ပေးထားပြီးသား လိုင်စင်ကို ပြန်သိမ်းခံရမှာ ဖြစ်ပါတယ်။

အစိုးရ ဆေးရုံတွေမှာ အလုပ်ဝင်တဲ့ သူနာပြု တက္ကသိုလ်ဆင်း တွေကို ၃ နှစ်ပြည့်မှ သူနာပြု လိုင်စင်ထုတ်ပေးဖို့ ချမှတ်ခဲ့တဲ့ အပေါ် မကျေနပ်လို့ သူနာပြု တက္ကသိုလ်က ကျောင်းသူ ကျောင်းသား ၅၀၀ ကျော် ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြ ကျောင်းသူ ကျောင်းသားတွေကို အရေးယူတာမျိုး လုပ်မှာ မဟုတ်ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကျန်းမာရေး ဝန်ကြီး ဒေါက်တာမြင့်ထွေး ဟာ ရန်ကုန် သူနာပြု တက္ကသိုလ်ကို မတ်လ ၁၇ ရက်နေ့က ရောက်လာပြီး ဆန္ဒပြ ကျောင်းသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးကာ အခုလို သဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ