လုံခြုံရေး ကောင်စီမှာ မြန်မာ့ အရေး ကြေညာချက် မူကြမ်း မထုတ်ပြန်ဖို့ တရုတ်နဲ့ ရုရှား ဟန့်တား

  • 18 မတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption နယူးယောက်မြို့မှာ လုံခြုံရေး ကောင်စီ အစည်းအဝေးပွဲ ကျင်းပနေစဉ်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထုတ်ပြန်ဖို့ ရှိတဲ့ မြန်မာ့အရေး ကြေညာချက် မူကြမ်းကို မထုတ်ပြန်ဖို့ တရုတ်နဲ့ ရုရှားတို့က ပိတ်ဆို့ ဟန့်တားလိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအဖွဲ့ဝင် ၁၅နိုင်ငံရဲ့ မတ်လ ၁၇ရက်နေ့မှာ ကျင်းပခဲ့တဲ့ တံခါးပိတ် အစည်းအဝေးက ထုတ်ပြန်မယ့် ကြေညာချက်ထဲမှာ ရခိုင်ဒေသမှာ အခြေအနေတွေ တင်းမာနေတာနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မိကြောင်း ဖေါ်ပြပါရှိတယ်လို့ သံတမန်တွေက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဒေသတချို့မှာ တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာနေတာနဲ့ ပတ်သက်လို့ စိုးရိမ်မိကြောင်းနဲ့ အဲဒီဒေသတွေဆီ ကယ်ဆယ်ရေးအထောက်အပံ့တွေ ပို့ဆောင်နိုင်ရေးဟာ သိပ်ကို အရေးကြီးကြောင်းကိုလည်း အဲဒီကြေညာချက် မူကြမ်းထဲမှာ အလေးအနက် ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်တုန်းကလည်း ဥရောပ သမဂ္ဂက ရခိုင်ဒေသမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် စစ်တပ်က နှိပ်စက်ညှင်းပန်းမှုတွေ၊ အဓမ္မပြုကျင့်မှုတွေ၊ သတ်ဖြတ်မှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေး အချက်အလက် ရှာဖွေမယ့် နိုင်ငံတကာ အဖွဲ့တခု စေလွှတ်ပေးဖို့ တောင်းဆို လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ