ဒုံးပျံ ပစ်လွှတ်တဲ့ စွမ်းအားပြင်း အင်ဂျင်သစ် တခု မြောက်ကိုရီးယား စမ်းသပ်

  • 19 မတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဒီစမ်းသပ်မှုဟာ သမိုင်းဝင်တဲ့ စမ်းသပ်မှုလို့ ကင် ဂျုန်အွန်းပြော

မြောက်ကိုရီးယား စစ်တပ်က ဒုံးပျံပစ်လွှတ်တဲ့ စွမ်းအားပြင်း အင်ဂျင်သစ်တခုကို သူတို့ရဲ့ တုန်ချန်းရီ စခန်းမှာ စမ်းသပ်ခဲ့ကြောင်း အစိုးရ သတင်းမီဒီယာတွေမှာ ဖေါ်ပြခဲ့ပါတယ်။

ဒီစမ်းသပ်မှုဟာ အောင်မြင်တဲ့ စမ်းသပ်မှုလို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ် ဂျုန်အွန်းက ထုတ်ဖော်ကြေညာခဲ့ပြီး အဲဒီ အင်ဂျင်ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ ကမ္ဘာ့အဆင့်မီ ဂြိုလ်တု လွှတ်တင်နိုင်စွမ်း ရှိလာရေးကို အထောက်အကူ ပြုလာမယ်လို့ ပြောကြောင်း ဖေါ်ပြထားပါတယ်။

တခြားနေရာတွေကနေ အတည်ပြုချက်မရသေးတဲ့ အဲဒီ ကြေညာချက်ဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson တရုတ်နိုင်ငံမှာ ရောက်ရှိနေစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ