'ကျွန်တော်က လောဘကြီးတယ်'- ထွန်းထွန်း

  • 19 မတ် 2017
ဓာတ်ပုံ မူပိုင် Shweinnthar Khin Mg Win
Image caption ပထမဆုံး အကယ်ဒမီဆုရတဲ့ အဆိုတော်နဲ့ သရုပ်ဆောင် ထွန်းထွန်း

အနုပညာနဲ့ပတ်သက်ပြီး လောဘကြီးတယ်လို့ ပူပူနွေးနွေး အကယ်ဒမီဆုရှင် ရုပ်ရှင်သရုပ်ဆောင် ထွန်းထွန်းက ပြောပါတယ်။

၂၀၁၆ ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီ ဆုပေးပွဲကြီးကို မတ်လ ၁၈ ရက်က ရန်ကုန် ပြည်သူ့ရင်ပြင်မှာ ခန်းခန်းနားနား ကျင်းပခဲ့ရာမှာ ပထမဆုံးအကြိမ် အကယ်ဒမီဆုရတဲ့ ထွန်းထွန်းက အဲဒီလို ပြောတာ ဖြစ်ပါတယ်။

ထွန်းထွန်းဟာ အုတ်ကြားမြက်ပေါက် ဇာတ်ကားနဲ့ အကောင်ဆုံး အမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့ပါတယ်။

သူ့အနေနဲ့ နောက်ထပ် ဆုတွေ ရရှိဖို့လည်း ကြိုးစားသွားမယ်၊ သူဟာ လောဘကြီးတယ်လို့ ထွန်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ထွန်းထွန်းဟာ အုတ်ကြားမြက်ပေါက် ဇာတ်ကားမှာ ဖိုးသိကြား ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့ပြီး အဲဒီဇာတ်ကောင်က သူနဲ့ လိုက်ဖက်တဲ့အပြင် ဒီဇာတ်ကားမှာ ပါဝင်သူ အားလုံးရဲ့ ကြိုးပမ်းမှုကြောင့် သူ အခုလို ဆုရတာလို့လည်း ထွန်းထွန်းက ပြောပါတယ်။

အုတ်ကြားမြက်ပေါက် ဇာတ်ကားဟာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုနဲ့ ဒါရိုက်တာဆုလည်း ရခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Shweinnthar Khin Mg Win
Image caption ဇာတ်ပို့ဆုရ လူမင်း၊ အမျိုးသမီးဇာတ်ဆောင်ဆုရ သက်မွန်မြင့် နဲ့ ထွန်းထွန်း

၂၀၁၆ ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီဆုရှင်များ

  • ဇာတ်ကားဆု - အုတ်ကြားမြက်ပေါက်
  • အမျိုးသားဇာတ်ဆောင်ဆု - ထွန်းထွန်း (အုတ်ကြားမြက်ပေါက်)
  • အမျိုးသမီးဇာတ်ဆောင်ဆု - သက်မွန်မြင့် (ချစ်လှစွာသော အမုန်း)
  • ဒါရိုက်တာဆု - ညွှန့်မြန်မာညီညီအောင် (အုတ်ကြားမြက်ပေါက်)
  • ရုပ်ရှင်ဓာတ်ပုံဆု - မောင်မြင့်၊ အေးမင်း၊ အငယ်လေး (လူးရတနာသိုက်)
  • ရုပ်ရှင်တေးဂီတဆု - ဓိရာမိုရ် (လူးရတနာသိုက်)
  • ရုပ်ရှင်အထူးဆု - မနောမြေမှကျောက်စိမ်းကမ္ဘာ (Moon Myanmar Media)
  • အမျိုးသားဇာတ်ပို့ဆု - လူမင်း (ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ)
  • ရုပ်ရှင်အသံဆု - ဦးကြည်မင်းသိန်း (မှော်ကျောက်စာ)
  • ရုပ်ရှင်တည်းဖြတ်ဆု - ဦးဉာဏ်ဝင့် (ဧဒင်ရဲ့ နတ်သမီး)