ဂွမြို့နယ်မှာ သစ်ကုမ္ပဏီတခုက သစ်တွေ ခုတ်နေတဲ့အတွက် ဒေသခံတွေ ဆန္ဒပြ

  • 20 မတ် 2017
Image caption ဂွမြို့နယ်မှာ သစ်တွေကို မဆင်မခြင် ထုတ်ယူရာကနေ သစ်တောတွေ ပြုန်းတီးလာနေတယ်လို့ ဒေသခံတွေပြော

ရခိုင်ပြည်နယ် ဂွမြို့နယ်အတွင်း သဘာ၀အတိုင်း ပေါက်နေတဲ့ ပျဉ်းကတိုးပင်ကြီးတွေကို သစ်ကုမ္ပဏီတစ်ခုက ခုတ်လှဲပြီး သစ်ထုတ်နေတယ် ဆိုပြီး ရွှေဥကွင်းကျေးရွာက ရွာသား ၁၅၀ လောက် မနေ့က ဂွမြို့ပေါ်တက် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်အခြေစိုက် Mighty Mariae Ltd ဆိုတဲ့ ကုမ္ပဏီ က အဲဒီမှာ သူတို့ပိုင် မြေဧက ၅၀၀လောက် ရှိတယ်လို့ ဆိုပြီး သစ်ထုတ်လုပ်နေတဲ့ နေရာဟာ ကျေးရွာသားတွေ ဘိုးစဉ် ဘောင်ဆက် မှီခို လုပ်ကိုင် စားသောက်လာတဲ့ နေရာ ဖြစ်ကြောင်းနဲ့ အခုအခါ အဲဒီနေရာမှာ သစ်ဥသစ်ဖု မှိုမျှစ်ကအစ ရှာစားခွင့် မပေးတော့ကြောင်း ဆန္ဒပြ ရွာသူတဦးက ဘီဘီစီကို ပြောပါတယ်။

သစ်တွေကို မဆင်မခြင် ထုတ်ယူရာကနေ သစ်တောတွေ ပြုန်းတီးလာပြီး ရာသီဥတု ဖောက်ပြန်လာနေတာကြောင့် တောတောင်ကိုမှီပြီး လုပ်ကိုင်စားသောက်နေကြတဲ့ ဒေသခံ လူထုတွေရဲ့ ရပ်တည်ရေးကိုပါ ထိခိုက်လာနေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ဟာ သစ်တောတွေ ထူထပ်စွာတည်ရှိခဲ့တဲ့ ပြည်နယ် တစ်ခု ဖြစ်ပေမယ့်လည်း ယခင် အစိုးရလက်ထက်မှာ ဒေသ အာဏာပိုင်တွေနဲ့ စီးပွားရေးသမားတွေ ပူးပေါင်းပြီး သစ်တွေ မဆင်မခြင် ထုတ်ယူခဲ့တာကြောင့် သစ်တောတွေ အကြီးအကျယ် ပြုန်းတီးသွားခဲ့ရပြီ ဖြစ်ပါတယ်။

ခု အစိုးရလက်ထက်မှာလည်း ထပ်မံ သစ်ထုတ်လုပ်လာတဲ့ အတွက် ဒေသခံတွေရဲ့ မကျေမနပ်မှုက ပိုမိုကြီးထွားလာပြီး ခုလို ဆန္ဒဖော်ထုတ်ပွဲထိ ရောက်ရှိလာခဲ့ရတာလို့ ဘီဘီစီ သတင်းထောက် သတင်းပေးပို့ထားပါတယ်။ ဖြစ်ပါတယ်။