ဘီဘီစီမြန်မာပိုင်းဖေ့စ်ဘုတ် Like ၁၀ သန်းပြည့်ပြီ

  • 20 မတ် 2017
Image caption ဘီဘီစီမြန်မာပိုင်း ဖေ့စ်ဘုတ်ကို Like လုပ်သူအရေအတွက်ဟာ တစ်နှစ်အတွင်း ၂ ဆမက တက်လာခဲ့တာ ဖြစ်ပါတယ်

ဘီဘီစီမြန်မာပိုင်းအစီအစဉ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာဖြစ်တဲ့ BBC Burmese Page ကို အားပေးကြည့်ရှု Like လုပ်ကြတဲ့ ပရိသတ်တွေ အခုအခါ ၁၀ သန်း ပြည့်သွားပါပြီ။

နိုင်ငံတကာနဲ့ မြန်မာပြည်တွင်းက နောက်ဆုံးရသတင်းတွေကို ရေဒီယို၊ တီဗီ၊ အွန်လိုင်းတွေကသာမကပဲ အခုလို လူမှုကွန်ရက်ကနေပါ ပြည်တွင်းပြည်ပက ပရိသတ်တွေဆီ အရောက်ပို့ပေးနိုင်လို့လည်း ဘီဘီစီမြန်မာပိုင်းက အဖွဲ့သားအားလုံးအနေနဲ့ ဂုဏ်ယူဝမ်းသာ ဖြစ်ရပါတယ်။ အားပေးဖတ်ရှုကြတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

အခုအခါ ရေဒီယိုအစီအစဉ်တွေကို Facebook Live အနေနဲ့လည်း တစ်နေ့ကို ၂ ကြိမ် တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ပေးနေပါပြီ။

ဘီဘီစီအနေနဲ့ သတင်းတွေကို တင်ဆက်တဲ့အခါ နိုင်ငံတကာ သတင်းကျင့်ဝတ်တွေနဲ့အညီ မှန်ကန်တိကျမှု၊ ဘက်မလိုက်မှု၊ လွတ်လပ်မှုတွေကို တန်ဖိုးထားပြီး တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။

ဆက်လက်ပြီးလည်း ပရိသတ်တွေအတွက် နောက်ဆုံးရသတင်းတွေနဲ့ စိတ်ဝင်စားဖွယ် အစီအစဉ်တွေကို ဖေ့စ်ဘုတ်နဲ့ တခြားမာလ်တီမီဒီယာတွေကနေ အကောင်းဆုံး ဆက်လက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။