မြန်အောင်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဖျက်ဆီးခံရ

  • 21 မတ် 2017
ဓာတ်ပုံ မူပိုင် yinmin htike
Image caption စိတ်ကျန်းမာရေး ချို့ယွင်းသူ တယောက်က တာခွ ရွာက အင်္ဂတေ ရုပ်တုကို သံတုတ်နဲ့ ရိုက်ချိုး

ဧရာဝတီ တိုင်း၊ မြန်အောင် မြို့နယ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို လူတယောက် အင်္ဂါနေ့ နေ့လယ်ပိုင်းက ဖျက်ဆီး ခဲ့လို့ ရုပ်တု အပိုင်းပိုင်း ကျိုးတဲ့ အထိ ပျက်စီး သွားပါတယ်။

မြန်မာ နိုင်ငံက တချို့ဒေသတွေမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု ထားရှိမယ့် အစီအစဉ်တွေ အပေါ် ကန့်ကွက်သံတွေ ရှိနေချိန်မှာ အခုလို ဖြစ်ရပ် ပေါ်ပေါက် လာတာ ဖြစ်လို့ လူအများကြား လှုပ်လှုပ်ရှားရှား ဖြစ်သွား စေပါတယ်။

အရင်က စိတ်ကျန်းမာရေး ချို့ယွင်းလို့ ကုသခံခဲ့ရသူ တယောက်က တာခွ ရွာ ဘိုးရာဇာ စာကြည့်တိုက် ရှေ့က အင်္ဂတေ ရုပ်တုကို သံတုတ်နဲ့ ရိုက်ချိုးတာ ဖြစ်ကြောင်း NLD ပါတီက မြန်အောင်မြို့နယ် တိုင်း လွှတ်တော် အမတ် ဦးလှမိုးအောင်က ပြောပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကလည်း ကြံခင်း မြို့နယ်မှာ အလားတူ စိတ်ချို့ယွင်းသူ တယောက်က ဗိုလ်ချုပ်ရုပ်တု လည်ပင်းလှီးဖြတ်သွားတာ ရှိခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။

အခု ရုပ်တု ဖျက်ဆီးသူကို အရပ်က ဝိုင်းဖမ်းပြီး ရဲစခန်း ပို့ထားကြောင်းလည်း ပြောပါတယ်။

တခြား ဗိုလ်ချုပ် ကြေးရုပ်တွေနဲ့ ပတ်သက်ပြီး မြစ်ဝကျွန်းပေါ် ဘက်မှာ ဝိဝါဒ ကွဲမှု ကြီးကြီးမားမားမရှိကြောင်း၊ အဖျက်ခံရတဲ့ ရုပ်တုနေရာမှာ ဒိထက် ပိုမြင့်တဲ့ အရုပ်တုတခု ပြန်တည်ဆောက်ဖို့ ဆုံးဖြတ် ထားကြကြောင်းလည်း ဦးလှမိုးအောင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ