စက်သုံးဆီ လက်လီ နိုင်ငံခြားသား ရောင်းခွင့်ပေး

  • 21 မတ် 2017
Image caption ပြည်ပ ဆိုင်ကြီးတွေ ဝင်လာရင် ပြည်တွင်းဆီဆိုင်တွေ ထိခိုက်နိုင်

စက်သုံးဆီ လက်လီ ရောင်းချတဲ့လုပ်ငန်းကို နိုင်ငံခြားသားတွေကို လုပ်ပိုင်ခွင့်ပေးဖို့ အစိုးရသစ်က မူဝါဒ ချမှတ် ထားပြီး မကြာခင် အသေးစိတ် ထုတ်ပြန်ဖို့ရှိပါတယ် ။

ဆယ်စုနှစ် ပေါင်းများစွာ စက်သုံးဆီဆိုင် ဖွင့်လှစ်ပြီး လက်လီရောင်းချတဲ့လုပ်ငန်းကို အစိုးရကပဲ လုပ် ကိုင်ခဲ့တာ ပါ ။

သို့သော်လည်း ဦးသိန်းစိန်အစိုးရ တက်လာခါနီးမှာ စစ်အစိုးရက နိုင်ငံပိုင် စက်သုံးဆီ ဆိုင်တွေကို ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းရှင် တွေကို ရောင်းချခဲ့ပြီး စက်သုံးဆီ လက်လီရောင်း ချတဲ့ လုပ်ငန်းကို လုပ်ပိုင်ခွင့် ပေးခဲ့ပါတယ် ။

NLD အစိုးရ လက်ထက်မှာတော့ ဒီလုပ်ငန်းကို နိုင်ငံခြားသား လုပ်ငန်းရှင်တွေကို ၁ဝဝ ရာခိုင်နှုန်း လုပ်ပိုင်ခွင့်ပေးဖို့ ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ဘီဘီစီကို ပြောပါတယ် ။

လက်ရှိ ရောင်းနေတဲ့ လုပ်ငန်းတွေ အနေနဲ့ နိုင်ငံတကာမှာ စက်သုံးဆီ ဈေးကျပေမယ့်လည်း ပြည်တွင်းမှာ ဈေးချမရောင်းတဲ့အတွက် စက်သုံးဆီရောင်းတဲ့ လုပ်ငန်းကို နိုင်ငံခြားသားတွေကို လုပ်ခွင့် ပြုမယ်လို့ မကြာခင် ရက်ပိုင်းက လုပ်ငန်းရှင်တွေနဲ့ တွေ့တဲ့အခါ ပြောကြားခဲ့ပါတယ် ။

နိုင်ငံခြားသားတွေကို ဒီလုပ်ငန်း လုပ်ပိုင်ခွင့်ပြုလိုက်မယ်ဆိုရင် ပြည်တွင်းက စက်သုံးဆီ ရောင်းတဲ့ လုပ်ငန်းအသေးလေးတွေ မယှဉ်နိုင်ဘဲ လုပ်ငန်းရပ်သွားနိုင်တယ်လို့ မြန်မာနိုင်ငံစက်သုံးဆီ ရောင်းချရေးအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့် ကပြောပါတယ် ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လုပ်ငန်းရှင်တွေ အနေနဲ့ အစိုးရ တာဝန်ရှိသူတွေကို တွေ့ဆုံညှိနှိုင်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ် ။

ဒီစက်သုံးဆီ လက်လီရောင်းတဲ့ လုပ်ငန်းဟာ အကျိုးအမြတ်ရှိတဲ့ လုပ်ငန်း ဖြစ်သလို နှစ်စဉ် အခွန်ဆောင်တဲ့ လုပ်ငန်းတွေမှာ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ လုပ်ငန်းတခုဖြစ်ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ